Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsအမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်များကို အီလတ်ထရောနစ်စနစ်ဖြင့်လည်းကောင်း၊...

အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်များကို အီလတ်ထရောနစ်စနစ်ဖြင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိ

အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်များကို အီလတ်ထရောနစ်စနစ်ဖြင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လစဉ်လဆန်း ၁ ရက် နေ့တိုင်း အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များအား ကန့်ကွက်နိုင်ကြောင်းကို ထုတ်ပြန်ကြေညာလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ပြောကြားခဲ့သည်။

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ်တွင် လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာသက်ဝင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများကို ဘဏ္ဍာနှစ် တစ်နှစ်လျှင် (၂) ကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသော ကိုယ်စားလှယ်များအနေဖြင့် အမှတ်တံဆိပ်များလျှောက်ထားရာတွင် မူပိုင်ခွင့်ဦးစီးဌာနမှ တောင်းခံသည့်လိုအပ်သောအချက်အလက်များကို ဆောင်ရွက်ရာတွင် လွဲမှားမှုများလျော့နည်းစေရန်နှင့် ကိုယ်စားလှယ်တစ်ယောက်၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို ပိုမိုသိရှိနားလည်စေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်စားဆောင်ရွက်ရာတွင် ဝန်ဆောင်မှုကောင်းမွန်စွာပေးနိုင်စေရန်၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲပထမနေ့တွင် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိပြီးအခြေအနေများ၊ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအမျိုးအစားခွဲခြားခြင်း (Nice Classification) အရ ခွဲခြားရာတွင် လွဲမှားလေ့ရှိသောအကြောင်းအရာများ၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ နောက်ဆက်တွဲ လျှောက်လွှာများတင်သွင်းခြင်း၊ ဖြည့်စွက်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များအား WIPO FILE စနစ်မှတစ်ဆင့် လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ထုတ်ပြန်ကြေညာချက်များ ရှာဖွေနိုင်သည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲဒုတိယနေ့တွင်လည်း ဆက်လက်ဆွေးနွေးခဲ့ကြပြီး အထွေထွေဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071