Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsအမှတ်တရအဖြစ် တီးလုံးသီးသန့် စီးရီးခွေကို...

အမှတ်တရအဖြစ် တီးလုံးသီးသန့် စီးရီးခွေကို ထုတ်ဝေခဲ့တဲ့ ချမ်းအေးဝင်း

Chan-A-Win

ဟစ်ဟော့ပ်အဆိုတော်တစ်ဦးလည်းဖြစ်၊ ဟစ်ဟော့ပ် တီးလုံးတွေကိုလည်း နောက်ကွယ်ကနေဖန်တီးပေးသူ ဖြစ်တဲ့ ချမ်းအေးဝင်းက သူ့ရဲ့ပထမဆုံး Instrumental  စီးရီးကို ဇူလိုင်လထဲမှာ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သီချင်းမပါ တဲ့ တီးလုံးသက်သက် Instrumental  စီးရီးကို ထုတ်ဝေဖြစ်ပုံကို ချမ်းအေးဝင်းက..

“ကျွန်တော်သီဆိုခဲ့တဲ့၊ တီးခဲ့တဲ့သီချင်းလေးတွေကို အမှတ်တရအနေနဲ့ Instrumental Version  နဲ့ ထုတ် ဝေတဲ့သဘောပါ။ ဒီနေရာမှာ အဆိုတော်အနေနဲ့ မဟုတ်ဘဲ အတီးသမား အနေနဲ့ထုတ်တာပါ။ တီးလုံးသီး သန့်ခံစားလို့ရအောင်ပါ။ ကျွန်တော်အားကျတဲ့ ပြည်ပ က အတီးသမားတွေလည်း အဲဒီလို သူတို့ကိုယ်ပိုင် Instrumental  တွေ ထုတ်ဝေကြတယ်။ ကျွန်တော်လည်း အတီးသမားတစ်ယောက်အနေနဲ့ အဲဒီလို ထုတ်တာပါ” လို့ ချမ်းအေးဝင်းက ပြောပါတယ်။ သီချင်းမပါဘဲ တီး လုံးသီးသန့်နဲ့ထွက်လာခဲ့တဲ့အပေါ် ချမ်းအေးဝင်းအနေနဲ့ စိုးရိမ်မိခဲ့သေးလားဆိုတဲ့ အမေးကိုတော့ ချမ်းအေးဝင်းက

“ကျွန်တော်အဲဒီလို မျိုးတွေးထားတာတော့ရှိတယ်။ ပရိသတ်တွေနဲ့ အဆင်ပြေပါ့မလားပေါ့။ နောက်တစ်ခုက ဘာရှိလဲဆိုတော့ ခုခေတ်က Trend တစ်မျိုးဖြစ်တဲ့အခါ ကျွန်တော့်တီးလုံးတွေက အရင်ကဟစ်ဟော့ပ်တီးလုံးပုံစံတွေ ပေါ့။ ပရိသတ်တောင့်တနေတဲ့အချိန်မဟုတ်တဲ့အချိန်မှာ ထုတ် လိုက်သလို ဖြစ်သွားမလားဆိုပြီး စိတ်ပူမိတာရှိတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ Trend နဲ့လိုက်ပြီး လုပ်သင့်၊လုပ်ထိုက်တာ တွေလည်း လုပ်ခဲ့ပါပြီ။ အခုဒီအခွေလေးကတော့ ကျွန် တော်လုပ်ချင် တဲ့ပုံစံကို ကျွန်တော့်အတွက် အမှတ် တရတစ်ခုအနေနဲ့ ပြန်ထုတ်လိုက်တဲ့သဘောပါ”လို့ ချမ်းအေးဝင်းက ပြောပါတယ်။

ချမ်းအေးဝင်းက ပရိသတ်တွေ အားပေးမှု ကို အများကြီးမမျှော်မှန်းခဲ့ပေမယ့် လက်တွေ့ ထွက်ရှိလာတဲ့အချိန်မှာ ပရိသတ်အားပေးမှုတွေလည်း ရရှိခဲ့တာကြောင့်ထင်မထားတဲ့ ပီတိဖြစ်မှုမျိုးရခဲ့ တယ်လို့လည်း ပြောပါတယ်။

“ကျွန်တော့်အခွေကို စိတ်ဝင်စားကြတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ပြီးတော့ဟစ်ဟော့ပ် ဂီတတကယ်ချစ်ပြီး တီးလုံးပဲဖြစ်ဖြစ်၊အသံပဲဖြစ်ဖြစ်နား ထောင်ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ Music ကိုတကယ်ခံစားကြတဲ့ သူတွေရှိကြတဲ့အတွက် ဒီအခွေ လေးက အဆင်ပြေခဲ့ပါတယ်”လို့ ချမ်းအေးဝင်းက ပြောပြီး သူ့ အနေနဲ့သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေ ကိုလည်း စီးရီးအဖြစ် ထွက်ရှိလာဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071