Friday, February 13, 2026

အကယ်ဒမီဆုရရုပ်ရှင်ဇာတ်ကားများပြန်လည် ပြသမည်

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၇) ရက် ညပိုင်းက နေပြည်တော်၊ MICC 1 တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု...

“Walk for Peace” သံဃာတော်များအား...

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...
HomeMusicအမှတ်တရအနေနဲ့ ထုတ်ဝေမယ့် ကျားပေါက်...

အမှတ်တရအနေနဲ့ ထုတ်ဝေမယ့် ကျားပေါက် ရဲ့ Knotfunni At All စာအုပ်

bigbag

Big Bag အဖွဲ့ မှ ကျားပေါက်က သီချင်းဆိုခြင်း၊တီးခြင်း၊ ရေးခြင်းစတဲ့ ကိစ္စတွေအပြင် စာရေးတာ၊ ကာတွန်းရေးဆွဲတာစတဲ့ အနုပညာကိစ္စရပ် တွေမှာ လည်း ဝါသနာထုံပြီး လက်ရှိမှာတော့ သူအားလပ်ချိန်တွေမှာ ရေးဆွဲထားတဲ့ ကာတွန်းတွေ အများကြီးထဲကမှ ကာတွန်းတွေကိုစုပြီး Knotfunni At All ဆိုတဲ့နာမည်နဲ့ စာအုပ်အဖြစ်ထုတ်ဝေဖို့ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်ရေးဆွဲထားတဲ့ ကိုယ်ပိုင်ကာတွန်းဇာတ်ကောင်လေးတွေရှိ တယ်။ အဲဒီအကောင်လေးတွေက သူတို့ရဲ့ အဓိက Theme က အမြင်မှာတော့ တအား Cute ဖြစ်တယ်။ ချစ်ဖို့ကောင်းတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ စကား တွေ၊အသုံးအနှုန်းတွေက တအားရက်စက်တဲ့ စကားလုံးတွေပေါ့။ ဟာသဆို လည်း ရက်စက်တဲ့ဟာသတွေပေါ့။ အကျင့် မကောင်းတဲ့ကောင်တွေ၊ အလိုက် ကန်းဆိုးလည်း မသိတဲ့သူတို့ပုံစံကာရိုက်တာနဲ့လုံးဝဆန့်ကျင်ဘက် အပြုအမူ တွေ၊ ထင်မထားတဲ့စကားတွေ၊ အဲဒီလိုတွေပြောတတ်တဲ့ ကာရိုက်တာမျိုးပေါ့။ အမြင် မှာတော့ ချစ်စရာကောင်းတဲ့ ပုံစံအကောင်လေးတွေကို ကာရိုက်တာအဖြစ် ဖန်တီး ထားပါတယ်။ ဒီစာအုပ်မှာတော့ တစ်ကွက်ကာတွန်းတွေလည်းပါမှာဖြစ်သလို Short Story သဘောဆန်ဆန်လေးတွေလည်းပါမှာပါ”လို့ ကျားပေါက်က ပြောပါတယ်။

ကျားပေါက်က ခုလိုစာအုပ် ထုတ်ဖြစ်မယ်အထိ ကာတွန်းတွေရေးဆွဲ ဖြစ်ပုံကိုလည်း ခုလိုပြောပြပါတယ်။ “ဒါက ကျွန်တော့်ဝါသနာတွေထဲက တစ်ခုပေါ့။ အဲဒါကို အား လပ်ချိန်တွေမှာ ဆွဲရင်းဆွဲရင်းနဲ့  တဖြည်းဖြည်း များလာတယ်။ ကျွန်တော့် အနေနဲ့လည်း အမှတ် တရအဖြစ် ထုတ်ချင်တယ်။ ဒါကြောင့် ခုလိုစာအုပ်အဖြစ် စီစဉ် ဖို့လုပ်တာပါ။ ကာတွန်းပေါင်း ၂ဝဝလောက်ပါပါ လိမ့်မယ်”လို့ ကျားပေါက်က ပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-ရဲဇော်မျိုး (Big Bag)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071