Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeArticlesအမှတ်တမဲ့မှ အမှတ်တရများစွာ သက်ဝင်ပန်းချီကားပမာ

အမှတ်တမဲ့မှ အမှတ်တရများစွာ သက်ဝင်ပန်းချီကားပမာ

photosefie

ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ လူသားတို့ရဲ့ သမိုင်းစာမျက်နှာတွေကို မှတ်တမ်းတွေအဖြစ် အထောက်အကူများစွာ ပေးနေတာက ဓာတ်ပုံတွေပါ။ အခုခေတ်ကြီးလို ဖုန်းလေး တစ်လုံးရှိရုံနဲ့ မှတ်တမ်းဓာတ်ပုံတွေ အများကြီးရိုက်ကူးလို့ရတဲ့ ခေတ်ကြီး ထဲမှာတော့ ဟိုနေရာရောက် တဖျက်ဖျက်၊ ဒီနေရာရောက် တစ်ချပ် ချပ်နဲ့ သမိုင်းမှတ်တိုင်တွေ စိုက်ထူလို့ရနေပါပြီ။ ဖေ့စ်ဘုတ်တို့၊ ဗိုက်ဘာတို့၊ အင်စထရာဂရမ်တို့၊ တွစ်တာတို့လို မိမိတို့ ကိုယ်ပိုင်လူမှု ကွန်ရက် စာမျက်နှာအသီးသီးမှာလည်း အမှတ်တရပေါင်းများစွာနဲ့ ဓာတ်ပုံပေါင်း များစွာက နေရာယူထားကြတာ နှစ်တွေကြာခဲ့ပါပြီ။

လူတွေ ဘာဖြစ်လို့ ဓာတ်ပုံရိုက် ကြတာလဲ။ ဒီမေးခွန်းကို တိတိကျ ကျဖြေနိုင်ဖို့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ တိကျ တဲ့အဖြေတစ်ခုကို ပြောရမယ်ဆိုရင် တော့ အမှတ်တရ ဖြစ်ချင်လို့ပါလို့ပဲ ဖြေရမှာပါ။ တစ်ဆက်တည်း ပြောရ ဦးမယ်ဆိုရင် သင်ဟာ ဓာတ်ပုံရိုက် တာ ဝါသနာပါ ပါသလား။ ဒီဘက် ခေတ်ကြီးထဲမှာတော့ ဓာတ်ပုံရိုက် တာ ဝါသနာမပါတဲ့ လူသားဆိုတာ ရှိတော့ရှိတယ်။ ရှားတယ်လို့ပဲ ဆိုရ မှာပါ။ ဒီနေ့ ရိုက်တဲ့ဓာတ်ပုံဟာ မနက်ဖြန်မှာ ထူးခြားချင်မှ ထူးခြားပါ လိမ့်မယ်။ ဒါပေမဲ့ နောင် ၅ နှစ်၊ ဒါမှမဟုတ် ၁ဝ နှစ်ဆိုရင်တော့ အဲဒီ ဓာတ်ပုံဟာ ခံစားချက်တွေများစွာ ပေးစွမ်းနေပါလိမ့်မယ်။ မြန်မာနိုင်ငံ မှာ ဖေ့စ်ဘုတ် လူမှုကွန်ရက်ကို တွင် တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ အခါမှာ အနုပညာရှင်တွေအတွက် ကတော့ ဓာတ်ပုံလှလှလေးတွေ ရိုက်ကာ ပရိသတ်နဲ့ အနီးစပ်ဆုံး ထိတွေ့နိုင်ကြတာ တွေ့ရသလို သူတို့ ဘဝအတွက် အမှတ်တရဖြစ်စရာ ဓာတ်ပုံတွေကလည်း များစွာရှိနေ တတ်ကြပါတယ်။ အဆိုတော် ပိုပိုရဲ့လတ်တလော အမှတ်တရအဖြစ်ဆုံး ဓာတ်ပုံကတော့..

” လတ်တလောမှာ ပိုအမှတ်တရ ဖြစ်နေတာကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မုံရွာမှာသီချင်းသွားဆိုတုန်းက ပိုပို့ကို မိစန္ဒီရယ်၊ နီနီရယ်က ဝိုင်းနမ်းနေတဲ့ ဓာတ် ပုံလေးက အမှတ်တရဖြစ်နေ တယ်။ ဒီသူငယ်ချင်း ၃ ယောက် က ကိုယ့်ပွဲတွေနဲ့ကိုယ်မို့ ဆုံဖို့ ခက်တယ်လေ။ ပြီးတော့တစ်ယောက် နဲ့တစ်ယောက်ကလည်း ချစ်ကြတယ်။ အမှတ်တရဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။ ဟစ်ဟော့ပ်အဆိုတော် X.Box ဆီမှာလည်းအမှတ်တရ ဓာတ်ပုံလေးတွေ ရှိနေပြန်ပါတယ်။ အဲဒီဓာတ်ပုံလေးတွေကတော့ ပြီး ခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အလှူငွေ သွားရောက်လှူဒါန်းခဲ့စဉ်က ပုံရိပ်လေးတွေပါတဲ့။

” ကျွန်တော့် ပရိသတ်တွေဆီကရတဲ့ အလှူငွေပေါ့နော်။ သူတို့ ကိုယ်တိုင်ကိုလည်း အလှူဒါန မြောက်စေချင်တဲ့အတွက်ပါ။ ကျွန် တော့်ရဲ့”အိပ်ရေးမပျက်စေနဲ့” Music Video လေး အွန်လိုင်းတင်ပြီးတဲ့အချိန်မှာ ကျွန်တော့် ပရိသတ်တွေနဲ့ Fan Meeting လေးလုပ်တယ်။ တွေ့ဆုံပွဲလုပ်တဲ့အချိန်မှာ သူတို့ဆီ ကရတဲ့ အလှူငွေလေးကိုပဲ မတည်ငွေထားပြီး ကျွန်တော်က နည်းနည်းငွေထပ်စိုက်လို့ အလှူငွေ လေးသိန်း ရှစ်သောင်းခန့်ကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာလှူဒါန်းခဲ့တာပါ။ အဲဒီပုံရိပ်လေးတွေက ကျွန်တော့် ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံးပုံရိပ် တွေထဲမှာ ပါခဲ့သလို ကြည်နူးဖို့ လည်း ကောင်းပါတယ်” လို့ X.Box ကပြောပါတယ်။ အဆိုတော် ဖြိုးပြည့်စုံရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အနုပညာရှင်ကြီး တစ်ယောက်ဖြစ်တဲ့ ချိုပြုံးနဲ့အတူ အမှတ်တရ ဓာတ်ပုံတစ်ပုံတင်ထားတာ တွေ့ရပါတယ်။ သူ့ကိုမေးမြန်း ကြည့် တော့..

” ကျွန်တော့်မွေးမိခင်ကတော့ ၂ဝ၁ဝ ခုနှစ်ကတည်းက ဆုံးသွားပြီလေ။ အခုဆို ၂ဝ၁၆ ဆိုတော့ ၆ နှစ်တောင်ရှိခဲ့ပြီပေါ့။ ကျွန်တော်တို့ မိသားစုဝင်က ၄ ယောက်ပဲရှိတော့ အမေ့ကို ကျွန်တော်ကအချစ်ဆုံးကိုး။ အမေမရှိတော့ဘူးဆိုတော့ တအားခံစားလိုက်ရတယ်။ အဲဒီ ကြားကာလ ဂီတလောကထဲကို ရောက်လာတဲ့အခါမှာ ပရမ်းပတာ ဖြစ်နေတဲ့ ကျွန်တော့်ကို ဘာမှ မသိခင်ကတည်းက အမေချိုတို့က စောင့်ရှောက်တယ်။ ပဲ့ပြင်ဆုံးမတယ်။ သွန်သင်တယ်။ စိတ်ဖိစီးမှုတွေကိုလည်း မျှဝေခံစားပေးပြီးတော့ ရှေ့ဆက်မယ့်လမ်းတွေမှာ မိခင်တစ်ယောက်အနေနဲ့ ခွန်အားပေးတယ်။ အခု ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ အမေချိုရဲ့ အသက် ၇ဝ ပြည့်မွေးနေ့မှာ အမေနဲ့သားဆိုတဲ့ သံယောဇဉ်နဲ့ရပ်တည်လာတာ ၅ နှစ်ကျော်လောက်တောင် ရှိပြီဆို တော့ ဒီပုံလေးကို အမှတ်တရအနေ နဲ့ အမေ့ကို ဆုတောင်းပေးတာပေါ့။ မွေးမိခင်ဆုံးသွားပြီးတဲ့နောက်မှာ သင်ဆရာ၊ မြင်ဆရာအနေနဲ့ စောင့်ရှောက်ပေးတဲ့ အမေ့ကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ဆိုရင် သံသရာမှာတော်စပ်ခဲ့ဖူးတဲ့ အမေတစ်ယောက်အနေနဲ့ အမေချိုကို သူ့မွေးနေ့လေးမှာ ဆုတောင်းပေးတာပေါ့” လို့ ဖြိုးပြည့်စုံက ပြောရှာပါတယ်။

သင်ကော ဓာတ်ပုံတွေများစွာ ရိုက်ဖူးပါသလား။ ဘယ်လို ဓာတ်ပုံမျိုးတွေက သင့်ဘဝအတွက် ဘယ်လိုအချိန်မျိုးတွေမှာ အမှတ်တရဖြစ်စရာ ခံစားမှုတွေကို ပေးစွမ်းနေပါသလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဓာတ်ပုံဆိုတာ လူသားတွေအတွက် သမိုင်းပုံရိပ်တွေကို ဖော်ညွှန်းပေး နေတဲ့ သက်ဝင်ပန်းချီကားတစ်ချပ်အဖြစ် တင်စားလိုက်ရပါတော့တယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071