ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ စက်တင်ဘာ ၂ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြို့ဘက်မှ ဘားအံမြို့ဘက်သို့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တို့အပါအဝင် (၂၂)ဦးလိုက်ပါလာသော အဝေးပြေးခရီးသည်တင်(Express)ကား သည် မိုင်တိုင်အမှတ် ၁၅ အနီးတွင်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား၊ အမျိုး သမီး(၂၀)ဦးတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီအသင်းက လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
