ရန်ကညန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အောက်တိုဘာ ၁၅ ရက်ည ၁၁ နာရီ ၄၀ မိနစ်ခန့်က အဝေးပြေးခရီးသည်တင်(Express)ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၈၄/၀ အနီးတွင် အဝေးပြေးခရီးသည်တင်(Express)ကားမှာ အင်ဂျင်အပူလွန်ကဲရာမှမီးလေ-ာင်မှုဖြစ်ပွား၍ သာဂရအမြန်လမ်းမီးသတ်စခန်းနှင့် ပလွေးအမြန်လမ်းမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၁၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ကားပေါ်၌လိုက်ပါလာသော ကားမောင်းသူအပါအဝင် ခရီးသည်များအားလုံးတွင် ထိခို-က်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
