ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော ကားတစ်စီးသည် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၆၉/၂ အရောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသမီး(၄)ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အမြန်လမ်းအရေးပေါ်သူ နာတင်ယာဉ်(၁၉၂)ဖြင့် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်ည ၇ နာရီ ၂၀ မိနစ်ခန့်ကလည်း အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၃/၂ တွင် ကားမီးလောင်မှုဖြစ်ပွား၍ ဥသျှစ်ကုန်းအမြန်လမ်းမီး သတ်စခန်းမှတပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
