Monday, January 20, 2025

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင်...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...
HomeNewsLocal Newsအမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း...

အမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနေ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်ဖြင့် အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးအဖွဲ့ (၃၈) ဖွဲ့ခွဲကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့် သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အလေးထားဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သ ည်။

ထို့ပြင် ရွာတော်တည်းခိုရေးစခန်းတွင်လည်း (၂၄)နာရီဆေး ခန်းဖွင့်လှစ်ထားရှိကာ ဆေးပညာ၊ အရိုးနှင့် အကြောအဆစ်အထူးကုဆေးခန်းအချိန်ပိုင်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်များဦးဆောင်၍ လာရောက်ပြသသည့်လူနာများကို ကြည့်ရှုကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းဆေးခန်းလည်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။

ထိုနည်းတူ စည်ပင်ရိပ်သာနှင့် အားကစားရွာ (Gold Camp) တို့တွင်လည်း (၂၄) နာရီ ဆေးခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လယ်ဝေးသင်တန်းကျောင်း၌ တည်းခိုနေထိုင်ကြသော မသန်စွမ်းအားကစားသမားများအတွက် (၂၄) နာရီဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ ဒီဇင်ဘာ (၉) ရက် ၊ ညနေ (၅) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်မည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားမစတင်မီ နာမည်ကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်သည်။

ထို့ပြင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များ၌ လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ပြောကြားသည့် မိန့်ခွန်း၌ ကတိပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အစိုးရ၏Home for Thais အစီအစဉ်ကို စတင်လိုက်ပြီးနောက် လူပေါင်း ၃၁ သန်းက တိုက်ခန်းအတွက် စာရင်းသွင်းရန် စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပြီး သိန်းနှင့်ချီ၍ မှတ်ပုံတင်ထားပြီဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်မည့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများမတိုင်မီ တနင်္ဂနွေနေ့က Bueng Kan...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071