ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်လျက်ရှိသည့် အမျိုးသားကင်ဆာ ရောဂါကုသရေးဌာန (Oncology Unit) အဆောက်အအုံသည် (၈)ထပ်အဆောက်အအုံဖြစ်ပြီး ပြည်သူများ ဆောလျင်စွာ ဆေးကုသမှုခံယူနိုင်ရန် မြေညီထပ်ကင်ဆာ ဓာတ်ရောင်ခြည်ကုသခန်းများကို ဦးစွာတည်ဆောက် အသုံးပြုနေပြီဖြစ်ပြီး ကျန်အထပ်များကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အုံ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆော င်ရွက်သည့် (မြိုပြ/ရေသန့်/လျှပ်စစ်) လုပ်ငန်းများဆောင်ရွ က်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကိုလည်း ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်က ကြည့်ရူခဲ့ကြောင်း သိရသည်။
ဆေးရုံအဆောက်အအုံအား ငလျင်ဒဏ်ခံနိုင်အောင် ထပ်မံအားဖြည့်ထားသည့် Shear Wall များ၊ Secondary Beams များအား Structure ဒီဇိုင်းပါအတိုင်း Q.C အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သေချာစွာဆောင်ရွက်သွားမည်ဖြစ်သည်။
ကင်ဆာရောဂါကုဆေးရုံကြီးသည် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးအထောက်အပံ့ ဆေးရုံဖြစ်သည့်အတွက် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ကုသမှုခံ ယူနိုင်ရန် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်သွားရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လည်း ဒုတိယဝန် ကြီး ကမှာကြားခဲ့ကြောင်း သိရသည်။
