Friday, November 14, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeNewsLocal Newsအမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှု အ...

အမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှု အ နှစ်သာရကိုအခြေခံ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး၏ စုစည်းညီညွတ်မှုအားဖြင့် ငြိမ်းချမ်းသာယာ ဘက်စုံဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရမည်

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင််ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ ရေးသားပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်တွင် နိုင်ငံတော်သည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ် ဓာတ်ရှင်သန်ထက်မြက်ရေး၊တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာ၍ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်တစ်မျိုးသားလုံးကျန်းမာကြံ့ ခိုင်ရေး၊ပညာရည်မြင့်မားရေးတို့ကို ဦးတည်ကြိုး ပမ်းဆောင်ရွက်လျက်ရှိသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

အမျိုးသားရေး စိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်မှုခိုင်မြဲရေး၊တိုင်းရင်းသားတို့၏ ညီညွတ်သော စုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုကြီး အောင်မြင်စွာတည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာရန်လည်း စီမံဆောင်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။

အမျိုးသားအောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှု အ နှစ်သာရကိုအခြေခံ၍ ပြည်ထောင်စုဖွား တိုင်း ရင်းသားပြည်သူများအားလုံး၏ စုစည်းညီညွတ်မှုအားဖြင့် ငြိမ်းချမ်းသာယာဘက်စုံဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရမည်ဟု သဝဏ်လွှာ၌ တိုက်တွန်းရေးသားထားသည်။

နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အပေါ်အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိသည်။ 

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်း၍ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိစေရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊တိုင်း ရင်းသားတို့၏ အကျိုးကိုရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ 

ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို အေးချမ်းသာယာဖွံ့ဖြိုးတိုး တက်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ကြလိမ့်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာ၌ရေးသားထားသည်။

နိုင်ငံသားတိုင်းမှ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ ဦးတည်ချက်များဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး၊ကောင်းမြတ်မှန်ကန်သော မျိုးချစ်စိတ်၊တိုင်းပြည်ချစ်စိတ် ထာ ဝရရှင်သန်ထက်မြက်ရေး၊အမျိုးသားပညာရည်မြှင့်တင်လျက် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ သားများ ပေါ်ထွန်းလာစေရေး၊မြန်မာ့လူမှုစီးပွား ရေးကို ခေတ်မီနည်းပညာစွမ်းအားဖြင့် မြင့်မားအောင်ဆောင်ရွက်ရေးတို့အတွက် ခိုင်မြဲသောစိတ် ဓာတ်၊မလျှော့သောဇွဲလုံ့လ၊ကြီးမားသော ဉာဏ်ပ ညာတို့ဖြင့် ဆက်လက်ကြိုးပမ်းအကောင်ထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ရေးသားထားသည်။

အနှစ်သာရပြည့်ဝပြီး ထူးခြားလေးမြတ်လှသည့် အမျိုးသားအောင်ပွဲနေ့အခါသမယ၌ “နိုင်ငံဘက် စုံဖွံ့ဖြိုးဖို့၊တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်စို့”ဟူသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ ဘိုးဘွားအမွေ အ မိပြည်ထောင်စုကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်သွားကြရန်၊တိုင်းရင်းသားအားလုံး၏ ဘာ သာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာ ဓလေ့နှင့်သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်သွားကြပါရန် သဝဏ်လွှာ၌တိုက်တွန်းရေးသားထားသည်။

ထို့ပြင် အတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို အားလုံးကကြိုးစားပြုစုပျိုးထောင်ပေးကြပါရန်၊ခေတ်စနစ် လိုအပ်ချက်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်စေသော ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ဝိုင်းဝန်းစွမ်းဆောင်ပေးကြပါရန် နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာ၌ အလေးအနက်ထားတိုက် တွန်းရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071