Thursday, August 13, 2026

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ်...

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန်...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန်...
HomeNewsLocal Newsအမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာ...

အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာ ဗျူဟာရေးဆွဲရာတွင် လက်တွေ့ အသုံးဝင်သော မဟာဗျူဟာအဖြစ် ရေးဆွဲရန် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာ ဗျူဟာရေးဆွဲရာတွင် အရည်အသွေးပြည့်ဝ၍ လက်တွေ့ အသုံးဝင်သော မဟာဗျူဟာအဖြစ် ရေးဆွဲရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ ရေးဆွဲပြုစုလျက်ရှိသော အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) National Immunization Strategy (NIS) (2025-2029) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဇူလိုင် (၃)ရက်က ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုရေးဆွဲလျက်ရှိသော National Immunization Strategy သည် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ (၂၀၂၅) ခုနှစ်မှ (၂၀၂၉) ခုနှစ်အထိ (၅) နှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အရေးကြီးသော လမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ နောင်အနာဂတ် (၁၀)နှစ်တာအတွက် မျှော်မှန်းရလဒ်များ ရရှိစေရေး (၅)နှစ်တာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရေးဆွဲပြုစုထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ အားလုံးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ နည်းဗျူဟာဆိုင်ရာ လမ်းညွှန်မှုအနေဖြင့် အသုံးပြုနိုင်ရန်အတွက်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးဆွဲရာတွင် ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်များ၊ ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ ကြုံတွေ့လာနိုင်သော အခက်အခဲများကို ဖြေရှင်းမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် ဝေးလံခက်ခဲသော (Hard to reach) ဒေသများအတွက် အထူးစီမံချက်များ ရေးဆွဲခြင်း၊ အစုအဝေးနှင့် နေထိုင်သောစုရပ်များနှင့် ကာကွယ်ဆေးထိုး လွမ်းခြုံမှုခက်ခဲသောဒေသများတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန်ဆောင်ရွက်ရမည့်အချက်များ ထည့်သွင်းရေးဆွဲရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရန် အကျုံးဝင်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနှင့် တိကျ မှန်ကန်သောကိန်းဂဏန်း အချက်အလက်များ ရရှိစေရေး၊ ကာကွယ်ဆေး လိုအပ်ချက်များအတွက် ဦးစားပေး ဆောင်ရွက်စေရေး၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ တိုးတက်လာစေရေးတို့အတွက် လို အပ်သော စွမ်းအားစုများကို ခန့်မှန်းတွက်ချက်ပြီး ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။

၎င်း National Immunization Strategy (2025-2029) (၅) နှစ် တာရေးဆွဲရာတွင် အရည်အသွေးပြည့်ဝ၍ လက်တွေ့ အသုံးဝင်သော မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် တက်ရောက်လာသူများအားလုံး ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန်လည်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်သစ္စာလွင်က National Immunization Strategy (2025 -2029) ရေးဆွဲရသည့် ရည်ရွယ်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပေး ပုဂ္ဂိုလ် Dr. David Sulaberidze က ရေးဆွဲထားသော National Immunization Strategy (20 25-2029) (မူကြမ်း) ကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာသူများက ပြန်လည်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် Clinton Health Access Initiative (CHAI) အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် YGN 8F/2F----- NISSAN MARCH အမျိုးအစား...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071