အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုရန်ပုံငွေလက်ကျန်မှ ငွေကျပ် ၄၀၀ ဘီလီယံအား သီးသန့်ရန်ပုံငွေထူထောင်၍ ပြည်တွင်းစီး ပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ်ချေးသွားမည်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုရန်ပုံငွေမှာ ဇူလိုင် ၁၄ ရက်အထိ ရန်ပုံငွေလက်ကျန် ငွေကျပ် ၄၉၁ ဒသမ ၉၇၈ ဘီလီယံရှိရာမှ ငွေကျပ် ၄၀၀ ဘီလီယံအား သီးသန့်ရန်ပုံငွေထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ်ချေးသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ချေးရာတွင် နစက မှချမှတ်ဆောင် ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊စက်မှုလက်မှု ဆိုင်ရာလုပ်ငန်းများနှင့်ထုတ် ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည် တွင်းစီးပွားရေးလုပ်ငန်းများအား အ တိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်သည်။
ထိုသို့ ချေးငွေများထုတ်ချေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်စီစစ် ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကျဆင်းလာပြီ ဖြစ်၍ ထိခိုက်ကျဆင်းခဲ့သည့် စီးပွားရေးအား ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့်တိုင်းနှင့်ပြည် နယ်အစိုးရအဖွဲ့များသည် ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေးဆိုင်ရာ အသုံးစရိတ်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ်(၁၉)ရောဂါကာကွယ်၊ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်(ဗဟို)ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စီစစ်သုံးစွဲလျက်ရှိသည်။