အမျိုးသားယဥ်ကျေးမှုမြင့်မားလာလေနိုင်ငံနှင့် လူမျိုးအဆင့်အတန်းမြင့်မားလာလေဖြစ်မည်ဟု မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းကကျင်းပသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” အမျိုးသားယဥ်ကျေးမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေ အသက်တမျှအရေးတကြီးထိန်းသိမ်းကြရမယ့် အမွေအနှစ်တွေဖြစ်ပါတယ်။ အမျိုးသားယဥ်ကျေးမှုမြင့်မားလာလေလေ နိုင်ငံနဲ့ လူမျိုးတွေရဲ့အဆင့်အတန်းဟာလည်း မြင့်မားလာလေလေဖြစ်ပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါရပ်တည်နိုင်မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာ၊ ပင်ကိုတန်ဖိုးနှင့် အဆင့်အတန်းများကို အမျိုးသားယဥ်ကျေးမှုမှတစ်ဆင့်သာဖော်ညွှန်းပြဆိုရမည်ဖြစ်၍ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြှော်မြင်မှုနှင့် စိတ်နေစိတ်ထားများ ယဥ်ကျေးသိမ်မွေ့စေရန်၊ အဆင့်အတန်းမြင့်မားလာစေရန် နိုင်ငံတိုင်းမှ မိမိတို့၏ အမျိုးသားယဥ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် ပုံဖော်ပျိုးထောင်ပေးကြရမည်ဟု ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
