Thursday, June 11, 2026

ဇွန်လဒုတိယ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀)ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၁၁ ရက်ကထုတ်ပြန်သည့် ဇွန်ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ  ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀) ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊...

မြန်မာနိုင်ငံက တရုတ်နိုင်ငံ GACC မှခွင့်ပြုထားသော...

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အ သင့်ရှိနေသည်ဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်စုလင်းက ပြောကြားခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေ သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိရှိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေကာ ငွေကျပ်သိန်းရာဂဏန်းမှ ငွေကျပ်သိန်းသောင်းဂဏန်းအထိရှိနေကြောင်း ‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။ "လက်ရှိဈေးကွက်အနေအထားကဝယ်လိုအားကောင်းနေတယ်။ အနိမ့်ဆုံးကျပ်သိန်းရာဂဏန်းကနေပြီးတော့ထောင်ဂဏန်းသောင်းဂဏန်းထိရှိတယ်။ လမ်းမတန်းတွေဆိုရင်သိန်းသောင်းဂဏန်းထိဖြစ်နေပြီ။ လက်ရှိဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေက...

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) တွင်...

မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှု ကဏ္ဍကို ပိုမိုမြှင့်တင်ပေးမည့် "အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း တပ်ဆင်ခြင်းစီမံကိန်း" သည် အောင်မြင်စွာ...
HomeInternationalအမျိုးသားနေ့ မိန့်ခွန်းတွင် ရှီကျင့်ဖိန်က...

အမျိုးသားနေ့ မိန့်ခွန်းတွင် ရှီကျင့်ဖိန်က ထိုင်ဝမ်နှင့် ပတ်သက်၍ ‘ပြင်ပမှ စွက်ဖက်မှု’ များကို သတိပေး

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် အင်္ဂါနေ့က ကျင်းပသော အမျိုးသားနေ့နှစ်ပတ်လည် မိန့်ခွန်းတွင် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ ပြ-တ်သားသော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ ပေကျင်းသည် “ပြင်ပမှ စွက်ဖက်မှု” ကို ပြ-တ်ပြ-တ်သားသား ဆန့်ကျင်ကာ ၎င်း၏ နယ်မြေပိုင်ဆိုင်ခွင့်ကို ကာကွယ်ရမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံပိုင် သတင်းအေဂျင်စီ ရှင်းဟွာမှ ထုတ်ပြန်သော ရှီ၏မိန့်ခွန်းအရ၊ ပေကျင်းသည် ထိုင်ဝမ်နှင့် ရေလက်ကြားတစ်လျှောက် ဖလှယ်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်ရမည်၊ “‘ထိုင်ဝမ် လွတ်လပ်ရေး’ နှင့် ပြင်ပမှ စွက်ဖက်မှုကို ရှာဖွေသောခွဲထွက်ရေးလှုပ်ရှားမှုများကို ပြ-တ်ပြ-တ်သားသား ဆန့်ကျင်ပြီး၊ အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်ခွင့်ကို ခိုင်မာစွာ ကာကွယ်ရမည်” ဟု သူက ပြောကြားခဲ့‌ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် အမျိုးသားနေ့မိန့်ခွန်းတွင်လည်း သူသည် ထိုင်ဝမ်နှင့်ပတ်သက်၍ အလားတူ စကားလုံးများကို အသုံးပြုခဲ့သော်လည်း၊ ထိုအချိန်က ရှီသည် ပြင်ပအင်အားစုများကို သီးခြားဖော်ပြခဲ့ခြင်း မရှိခဲ့ချေ။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ “အ‌လေးအမြတ်ထားသော” အစိတ်အပိုင်းဖြစ်ကြောင်းနှင့် “ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ရှိ ပြည်သူများသည် သွေးခြင်းဆက်နွှယ်နေကြောင်း” တို့ကို ၂၀၂၄ ခုနှစ် မိန့်ခွန်းတွင် ရှီကအလေးထား ပြောကြားခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်း၏ ခေါင်းဆောင် ဆိုင်အင်ဝမ် (Tsai Ing-wen)၏ နေရာကို ဝီလျံ လိုင် ချင်တဲ (William Lai Ching-te) က ဆက်ခံပြီး မကြာမီ လအနည်းငယ်အကြာတွင် ပြီးခဲ့သည့်နှစ်က မိန့်ခွန်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇွန်လဒုတိယ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀)ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၁၁ ရက်ကထုတ်ပြန်သည့် ဇွန်ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ  ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀) ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် (၈)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်လည်း (၅) ရက်မှ (၇)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း...

မြန်မာနိုင်ငံက တရုတ်နိုင်ငံ GACC မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အ ရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အသင့်ရှိနေဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ပြော

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အ သင့်ရှိနေသည်ဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်စုလင်းက ပြောကြားခဲ့ကြောင်း သိရသည်။ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကကြီးမှူး၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မြှင့်တင်နိုင်ရေးအတွက် "တရုတ်(ကွမ်ရှီး)-မြန်မာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ခြင်း ၂၀၂၆"အား ဇွန် ၉ ရက်တွင် နန်နင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန(NICEC) ၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအစိုးရသစ်သည် ဦးစားပေးပို့ကုန်များကို နှစ်ဆတိုးမြှင့်ရန်ရည်မှန်းထားပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လိုကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတ္တုတူးဖော်ရေး၊ စက်မှုဇုန်များ၊...

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေ သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိရှိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေကာ ငွေကျပ်သိန်းရာဂဏန်းမှ ငွေကျပ်သိန်းသောင်းဂဏန်းအထိရှိနေကြောင်း ‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။ "လက်ရှိဈေးကွက်အနေအထားကဝယ်လိုအားကောင်းနေတယ်။ အနိမ့်ဆုံးကျပ်သိန်းရာဂဏန်းကနေပြီးတော့ထောင်ဂဏန်းသောင်းဂဏန်းထိရှိတယ်။ လမ်းမတန်းတွေဆိုရင်သိန်းသောင်းဂဏန်းထိဖြစ်နေပြီ။ လက်ရှိဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေက ဖွံ့ဖြိုးမှုများတော့ ရင်းနှီးမြှုပ်နှံလိုသူတွေလည်းများတယ်။ ဒဂုံဆိပ်ကမ်းက အလားအလာပိုကောင်းမယ်လို့ထင်ပါတယ်"ဟု ဦးတင်အောင်မြင့်က ပြောသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စီမံကိန်းများဖော်ဆောင်ရန်ဆောင်ရွက်နေခြင်း၊ ပဲခူးမြစ်ကမ်းဘေးရှိ ကုတင်(၅၀၀)ကင်ဆာဆေးရုံရှိခြင်း၊ ပုဏ္ဏမီအိမ်ရာ၊ ရွှေလီရတနာအိမ်ရာ၊ စူပါမားကတ်များလည်းရှိနေသဖြင့် နောင်လာမည့်ကာလများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ "ဒဂုံမြို့သစ်(၄)မြို့နယ်မှာကတော့ အားလုံးကသူ့ဈေးတန်းနဲ့သူအရောင်းအဝယ်ကောင်းနေကြပါတယ်"ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။ ‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်သည် ဇွန် ၁၀ ရက်နံနက်ပိုင်းကကျင်းပသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071