Friday, March 21, 2025

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး ဗဟိုအကျဉ်းထောင်နှင့်...

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ အကျဉ်းသားလူငယ်များမှာ...

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ...

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeNewsLocal Newsအမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ သား...

အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ သား ဦးတင်မြင့် ကွယ်လွန်

အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ သား ဦးတင်မြင့် ကွယ်လွန်

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့် (၈၃) နှစ်သည် ယနေ့ ဇူလိုင်လ (၂၁) ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံတွင် ကွယ် လွန်ခဲ့သည်။

ဦးတင်မြင့်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း (ကမ်းလွန်) ညွှန်ကြားရေးမှူး(ငြိမ်း) တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယကတစ်ဦးလည်းဖြစ် သည်။

“ကိုတင်မြင့်က အစ်ကိုအရင်းတစ်ယောက်လိုပဲ အရမ်းခင်ပါတယ်။ သူဟာ  တိုင်းပြည်ကို သူ့အဖေလိုပဲ အရမ်းချစ်ပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်ကြီးတွေရဲ့ သားတွေ တစ်ယောက်ပြီး တယောက် ကွယ်လွန်ကုန်တော့ နှမြောတာပေါ့ကွယ်။ ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားအနေနဲ့သော်လည်း ကောင်း၊ မိသားစုအချင်းချင်း အရမ်းရင်းနှီးတဲ့ အစ်ကိုတစ်ယောက်အနေဲ့သော်လည်း ကောင်း၊ သူ့မိန်းမနဲ့လည်း အစ်မတစ်ယောက်လို အရမ်းရင်းနှီးတဲ့အတွက်ကြောင့် အန်တီအနေနဲ့ကတော့ ပြောမပြတတ်အောင် အရမ်း ဝမ်းနည်းပါတယ်” ဟု မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

 

၎င်းကွယ်လွန်ချိန်တွင် ဇနီးသည်ဖြစ်သူ ဒေါ်ရှယ်လီနှင့် သား (၂) ဦး ၊ သမီး(၁) ဦး၊ မြေး (၁) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇာတ်၏ သားဖြစ်သူ ဦးတင်မြင့်သည် နာမကျန်းဖြစ်ကာ  ဆေးကုသမှု ခံယူနေရသဖြင့် ယခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားသို့ တက်ရောက် ဂါရဝမပြုနိုင်ခဲ့​ပေ။

ဦးတင်မြင့်သည် ၂၁.၀၇.၂၀၂၂ ကြာသပတေးနေ့ နံနက် (၆:၄၀)နာရီအချိန်ခန့်တွင် ဝိတိုရိယ ဆေးရုံတွင် အလ္လာအရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့်နေ့လည်ဇုဟိုရ်ဆွာလာသ်အပြီးတွင်ရေးဝေးမွတ်စ်လင်မ်ဥယျာဉ်တော်တွင်ဒဖ်နာပြုလုပ်ပြီးဖြစ်ပါကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသား (၇)ဦး ဝင်ရောက်ဖြေဆို

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ အကျဉ်းသားလူငယ်များမှာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅)တန်းခွဲ စာစစ်ဌာနတွင် ဖြေဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။ ယမန်နေ့ မတ်လ (၂၀)ရက်၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အကျဉ်းထောင်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့ပြင် အကျဉ်းထောင်အတွင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်း ထောင်/အချုပ်...

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊ ပူဇော်ခြင်း အထိမ်းအမှတ်အဖြစ် တစ်နှစ်လျှင် တစ်ရက်သာ ခင်းကျင်းရောင်းချကြခြင်းဖြစ်‌ပြီး စော်ဘွားများ၏ အု တ်ဂူတွင် ပူဇော်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ စော်ဘွားဈေးကို လွိုင်မွေလမ်းရှိ စော်ဘွားကြီးများ အုတ်ဂူနောက်ကျောနေရာမှ ပါလျန်တံခါးအလွန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့အထိလည်းကောင်း၊ ဈေးတန်းကြီးလမ်း ကောင်းမှူးခမ်း ဘုန်းကြီးကျောင်းလမ်းထောင့်မှ စော်ဘွားကြီး အုတ်ဂူရှေ့သို့ လည်းကောင်း၊ တစ်ဆက်တည်း EPC သွားလမ်းကွေ့အထိ စည်ကားသိုက်မြိုက်စွာ...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ ပဲခူးမြစ်ကူးတံတားဖွင့်လှစ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သံကူကွန်ကရစ်တံတားအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ဒေသခံများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် ကားများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071