ယမန်နေ့ နိုဝင်ဘာ (၂၆) ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား (၁၉၂) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
အဆိုပါ (၁၉၂) ဦးထဲတွင် အမျိုးသမီးအကျဉ်းသူ (၇၈) ဦးလည်း ပါဝင်လာကြောင်း သိရသည်။
