ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်ရှိ လှိုင်းဘွဲ့-ကွမ်ဘီသွားကားလမ်းတွင် ဒီဇင်ဘာ ၂၀ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲမြို့နယ်)မှ သိရသည်။
ယင်းနေ့ည ၁၀ နာရီကျော်ခန့်က လှိုင်းဘွဲ့-ကွမ်ဘီသွားကားလမ်းအတိုင်း အမျိုးသမီးတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်သည် ငွေလှိုင်းဖွေးဘုန်းတော်ကြီးကျောင်းအကျော်ရှိ တံတားချောက်ထဲသို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျသွားခဲ့သည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်သည့် အမျိုး သမီးမှာ ဘယ်ဘက်လက်ကျိုးပြီး သတိမေ့နေ ကာ လိုက်ပါလာသည့်အမျိုးသမီးတွင်လည်း ဘယ်ဘက်လက်ကျိုးသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲမြို့နယ်)မှ မြေပြင်အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“မြေပြင်အရေးပေါ်ပြုစုကုသပေးပြီး ချက်ခြင်းလှိုင်းဘွဲ့ဆေးရုံကိုပို့ပေးခဲ့ပါတယ် ဆိုင်ကယ်က တော့ပျက်စီးသွားတာပေါ့ နောက်ကလိုက်လာတဲ့အမျိုးသမီးကတော့ သတိရတယ် မောင်းတဲ့အ မျိုးသမီးပဲ သတိမေ့သွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲ့မြို့နယ်)


