မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ၊ ဆင်ခေါင်းလေးကျေး ရွာအနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ငွေကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၀၀၀၀)ကို သြဂုတ် (၂၀) ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ဩဂုတ်လ (၂၀)ရက် ည (၇) နာရီ (၄၅) မိနစ်ခန့်က မူးယ စ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ဆင်ခေါင်းလေးကျေးရွာအနီးတွင် မပုလဲ ၀င်း(၂၂)နှစ် မောင်းလာသည့်ဆိုင်ကယ်အား တားဆီးစစ် ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မပုလဲဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်လာသည့် ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိခဲ့သည့် အမျိုးသမီးအား ပြင်ဦးလွင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။