Wednesday, April 30, 2025

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ...

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက်...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို...

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉...

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ...
HomeNewsLocal Newsအများပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်းသည် ဂတိလိုက်စားမှုမြောက်ကြောင်း...

အများပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်းသည် ဂတိလိုက်စားမှုမြောက်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ်ပြော

အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအ မျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်ပြီး အများပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းသည်လည်း အဂတိ လိုက် စားမှုဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

ဇန်နဝါရီလ (၁၀) ရက်က မကွေးမြို့တော်ခန်းမတွင် ပြု လုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင် ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွ င် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအ မျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး လာဘ်ပေး၊ လာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည် သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့ဟာအ ဂတိလိုက်စားမှု ပုံစံများဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှု မြောက်နိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သော အကြောင်းအရာများကို ရှောင်ကြရန်လ ည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိ၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိ က္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်သည့်အတွက် အဂတိတ ရား ကင်းရှင်းရန်လိုအပ်ပြီး သန့်ရှင်းသော အစိုးရ၊ ကော င်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသံ အမတ်တို့အားတွေ့ဆုံ ငလျင်ဒဏ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယနေ့ ဧပြီ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီးတို့အား သီးခြားစီတွေ့ဆုံခဲ့သည်။ ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့သည် နံနက် ၉ နာရီခွဲက နေပြည်တော်၌ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး၊ မြန်မာနိုင်ငံအစိုးရ၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား...

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေငြာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။ "ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရ ေအာင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေး အကြောင်းပြောမယ်ဆို...

စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယနေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူပုဂ္ဂိုလ်(၁၀၀၀)ဦးအား တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီကိုလည်း လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော ရဟန်း၊ ရှင်၊ လူအပေါင်းတို့အားရည်စူး၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071