ကမ္ဘာ တစ်ဝှမ်းမှာ အမျိုးသမီးနေ့ကို အထိမ်းအမှတ် တစ်ခုအဖြစ် ပျော်ရွှင်စွာ ကျင်းပနေကြပါတယ်။ အလှကုန် တံဆိပ်မျိုးစုံ ကလည်း အမျိုးသမီးနေ့ အတွက် အထူး အစီအစဉ်တွေ ပြုလုပ်ပြီး ထောက်ခံ အားပေးကြပါတယ်။ ဝယ်သူ အားပေး ကြတဲ့သူတွေကို စကား လက်ဆောင် ပါးဖို့ အကောင်းဆုံးနည်း ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တွေဆီ ကမှတပါး မရှိတော့ပါဘူး။ ခေါင်း လျှော်ရည် ထုတ် လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Pantene က သူတို့ ချမှတ်ထားတဲ့ ဘဏ္ဍာငွေ အရ A-listers ထဲက အနုပညာရှင်တွေ ကို ရွေးချယ်ခဲ့ပါ တယ်။ “Strong Is Beautiful ” ပွဲမှာ အမျိုးသမီး များရဲ့ ခွန်အား ၊ ဂုဏ်ရည် ထက် မြက်မှု အစ ရှိတဲ့ အရည်အချင်း တွေကို ကိုယ်စားပြုဖို့ အတွက် အမျိုးသမီး သရုပ် ဆောင် Priyanka Chopra ကိုရွေးချယ်ခဲ့ပါတယ်။ တံဆိပ် ပေါင်းစုံက နည်း အမျိုးမျိုးနဲ့ အမျိုး သမီးတွေရဲ့ စိတ်ဝင်စားမှုကို ရယူ နေကြပြီး Bare Minerals ကတော့ Ingrid Nilsen နဲ့အတူ”Be Your Best Self” ကို မိတ်ဆက်ခဲ့တယ်လို့သိရပါ တယ်။
အမျိုးသမီးနေ့မှာ ပရိသတ်တွေကို အားပေး စကား ပြောခဲ့တဲ့ Priyanka Chopra
