ဝါရှင်တန်၊ဒီဇင်ဘာ ၂
ပြီးခဲ့သည့်လက ပြုံယမ်း၏တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုအပြီး၌ အမေရိက၊ တောင်ကိုရီးယားနှင့်ဂျပန်တို့သည် လက်နက်အစီအစဉ်များနှင့်ဆက်နွယ်နေသည့် မြောက်ကိုရီးယားအရာရှိများကို ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ကြောင်းသိရှိရသည်။
ဧပြီလတွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူရန် သတ်မှတ်ထားသူအားလုံး၏ အမည်များကို တစ်ဦးချင်းစီအလိုက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ကြေငြာခဲ့သည်။၎င်းတို့မှာ Jon II Ho, Yu Jin နှင့် Kim Su Gil တို့ဖြစ်ကြောင်းသိရှိရသည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက စင်္ကာပူနိုင်ငံသားတစ်ဦးနှင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦးအပါအဝင် အခြားပုဂ္ဂိုလ်ခုနစ်ဦးနှင့် အဖွဲ့အစည်း ရှစ်ခုတို့ကိုလည်း ပိတ်ဆို့အရေးယူရန်ကြေငြာခဲ့သည်။
၎င်းတို့သည် ၂၀၁၈ ဇန်နဝါရီမှ ၂၀၂၂ ခုနှစ်အောက်တိုဘာလအတွင်း အမေရိကန်ပြည်ထောင်စုကချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများအောက်တွင် ရှိနေပြီးသားဖြစ်သည်ဟုဝန်ကြီးဌာနကဆိုသည်။
ဂျပန်ကလည်း ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သံသယရှိသူ Lazarus Group အပါအဝင် အဖွဲ့အစည်းသုံးခုနှင့်လူပုဂ္ဂိုလ်တစ်ဦးတို့အား ပိတ်ဆို့မှုအသစ်ချမှတ်ခဲ့သည်ဟုသိရှိရသည်။
တရုတ်နှင့်ရုရှားတို့သည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများထပ်မံချမှတ်မှုကိုတားမြစ်ခဲ့ပြီး ဆွေးနွေးပွဲများစတင်ရန် ဖြေလျှော့သင့်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုများကို ရှောင်ရှားသင့်သည်ဟုလည်းပြောကြားခဲ့သည်။
Source : Reuters
