မော်စကို၊မတ် ၁၉
မော်စကိုနှင့် ဝါရှင်တန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ဖြည်းဖြည်းချင်းပုံမှန်ပြန်ဖြစ်ရန် လုပ်ဆောင်ဖို့ရည်ရွယ်ထားကြောင်း ခရမ္မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ထရမ့်ပ်တို့၏ အင်္ဂါနေ့က တယ်လီဖုန်းခေါ်ဆိုမှု၌ ယူကရိန်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအပါအဝင်နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ရေးနည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
“သမ္မတပူတင်နဲ့ ထရမ့်ပ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၊ ယုံကြည်မှု ရှိပြီး ရုရှ-အမေရိကန် ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟု ပက်စကော့ဗ်ကပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှား-အမေရိကန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်မှာ အချိန်၊အားထုတ်မှုနှင့် သမ္မတနှစ်ဦးလုံး၏ သန္နိဋ္ဌာန်များလိုအပ်မည်ဖြစ်သည်ဟုလည်း ၎င်းကမှတ်ချက်ပြုခဲ့သည်။
ယခုဆွေးနွေးမှုများသည် ပြဿနာများစွာကိုဖြေရှင်းနိုင်ရန်မျှော်လင့်ထားသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ထပ်မံအဆက်အသွယ်ပြုလုပ်ရန်မှာမူ တိကျသည့်ရက်ချိန်းမသတ်မှတ်ရသေးကြောင်းလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ