အမေရိကန် ပဲ့ထိန်းဒုံးကျည်နှိမ်နင်းရေးစစ်ရေယာဉ်တစ်စီးကို တရုတ်ဖယ်ရှားနိုင်ခဲ့ဟုဆို
ပေကျင်း၊ စက်တင်ဘာ ၈
တောင်တရုတ်ပင်လယ် နန်ရှားကျွန်းစုအနီး တရုတ်ရေပိုင်နက် အတွင်းသို့ ရောက်ရှိလာသည့် အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်နှိမ်နင်းရေး စစ်ရေယာဉ်တစ်စီးကို ဖယ်ရှားနှင်ထုတ်နိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ယနေ့ ဗုဒ္ဓဟူးနေ့တွင်ပြောကြားသည်။
အမေရိကန် တပ်မတော်၏ ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးဆိုင်ရာတို့ကို အထူးပင်ထိခိုက်စေကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်း စစ်ဒေသဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Tian Junli ကဆိုသည်။
အချုပ်အခြ ာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် အဆင့်မြင့် တပ်လှန့်မှုသည် တောင်ပိုင်းစစ်ဒေသတွင် ဆက်လက်ရှိနေသေးကြောင်းကိုလည်း Tian Junly က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
ကိုးကား
PLA expels U.S. destroyer from China’s territorial waters off Nansha Islands