Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsLocal Newsအမေရိကန်အပါအဝင် နိုင်ငံအချို့၏ပူးတွဲကြေညာချက်ကို ကန့်ကွက်ကြောင်း...

အမေရိကန်အပါအဝင် နိုင်ငံအချို့၏ပူးတွဲကြေညာချက်ကို ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန်အပါအဝင် နိုင်ငံအချို့၏ပူးတွဲကြေညာချက်ကို ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန် အပါအဝင် နိုင်ငံအချို့၏ နိုဝင်ဘာ ၂၆ရက် ပူးတွဲကြေညာချက်ကို ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

နစက နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မူရင်းဖော်ပြချက်မှာ-

“အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က ၂၆-၁၁-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်။ ယင်းပူးတွဲကြေညာချက်တွင် တပ်မတော်က အစိုးရဆန့်ကျင်သူများကို အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။

အဆိုပါပူးတွဲကြေညာချက်ပါ ဖော်ပြချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားသောကြောင့် မှန်ကန်မှုမရှိကြောင်း ဖော်ပြအပ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လိုအပ်သည့် အရေးယူမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုကို ပျက်ပြားအောင် ဦးတည်လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များ၏ ကျူးလွန်မှုများနှင့် အပြစ်မဲ့ပြည်သူ များကို သတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကို လျစ်လျူရှုလျက် ပြစ်တင်ရှုတ်ချခြင်း၊ တားဆီးခြင်း၊ ရပ်တန့်ပေးရန် ဖော်ပြခြင်း၊ တောင်းဆိုခြင်းများ ပါဝင်ခြင်းမရှိသည့် ဘက်လိုက်မှု ရှိသော တစ်ဖက်သတ် ကြေညာချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ကိစ္စများ၊ မှန်ကန်မှုမရှိသော အချက်များအပေါ် အခြေခံထားပြီး၊ ဘက်လိုက်မှုရှိ၍ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

Zaw Gyi

အေမရိကန္အပါအဝင္ နိုင္ငံအခ်ိဳ႕၏ပူးတြဲေၾကညာခ်က္ကို ကန႔္ကြက္ေၾကာင္း နစက နိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္

အေမရိကန္ အပါအဝင္ နိုင္ငံအခ်ိဳ႕၏ နိုဝင္ဘာ ၂၆ရက္ ပူးတြဲေၾကညာခ်က္ကို ကန႔္ကြက္ေၾကာင္း နစက နိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ နိုဝင္ဘာ၂၇ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာသည္။

နစက နိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မူရင္းေဖာ္ျပခ်က္မွာ-

“အေမရိကန္ျပည္ေထာင္စု အပါအဝင္ နိုင္ငံအခ်ိဳ႕က ၂၆-၁၁-၂၀၂၁ ရက္တြင္ ျမန္မာနိုင္ငံႏွင့္ ပတ္သက္သည့္ ပူးတြဲေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနက သိရွိရသည္။ ယင္းပူးတြဲေၾကညာခ်က္တြင္ တပ္မေတာ္က အစိုးရဆန႔္က်င္သူမ်ားကို အင္အားအလြန္အကၽြံ သုံးစြဲေခ်မွုန္းေနေၾကာင္းႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုမ်ားကို က်ဴးလြန္ေနေၾကာင္း ေဖာ္ျပထားေၾကာင္း ေတြ႕ရွိရသည္။

အဆိုပါပူးတြဲေၾကညာခ်က္ပါ ေဖာ္ျပခ်က္မ်ားသည္ အေျခအျမစ္မရွိသည့္ စြပ္စြဲခ်က္မ်ားႏွင့္ အစိုးရဆန႔္က်င္ေနသူမ်ား၊ အၾကမ္းဖက္အဖြဲ႕မ်ားထံမွ ရရွိသည့္အခ်က္မ်ားကို အေျခခံထားေသာေၾကာင့္ မွန္ကန္မွုမရွိေၾကာင္း ေဖာ္ျပအပ္သည္။

လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ လုံျခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔အတြက္ လိုအပ္သည့္ အေရးယူမွုမ်ားကို ထိန္းထိန္းသိမ္းသိမ္းျဖင့္ ေဆာင္ရြက္လ်က္ရွိသည္။

နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္မွုကို ပ်က္ျပားေအာင္ ဦးတည္လုပ္ေဆာင္ေနသည့္ အၾကမ္းဖက္အဖြဲ႕မ်ား၏ က်ဴးလြန္မွုမ်ားႏွင့္ အျပစ္မဲ့ျပည္သူ မ်ားကို သတ္ျဖတ္ေနေသာ အၾကမ္းဖက္လုပ္ရပ္မ်ားကို လ်စ္လ်ဴရွုလ်က္ ျပစ္တင္ရွုတ္ခ်ျခင္း၊ တားဆီးျခင္း၊ ရပ္တန႔္ေပးရန္ ေဖာ္ျပျခင္း၊ ေတာင္းဆိုျခင္းမ်ား ပါဝင္ျခင္းမရွိသည့္ ဘက္လိုက္မွု ရွိေသာ တစ္ဖက္သတ္ ေၾကညာခ်က္ျဖစ္ေၾကာင္း ေတြ႕ရွိရသည္။

အခ်ဳပ္အျခာအာဏာပိုင္နိုင္ငံတစ္နိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္သည့္ ကိစၥမ်ား၊ မွန္ကန္မွုမရွိေသာ အခ်က္မ်ားအေပၚ အေျခခံထားၿပီး၊ ဘက္လိုက္မွုရွိ၍ နိုင္ငံေရး ရည္ရြယ္ခ်က္ရွိရွိ ထုတ္ျပန္ခဲ့သည့္ အဆိုပါပူးတြဲေၾကညာခ်က္ကို ျမန္မာနိုင္ငံအေနျဖင့္ ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း နစက နိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖာ္ျပသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071