Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalအမေရိကန်သံအမတ်က ဖူကူရှီးမားစက်ရုံအနီးမှငါးကိုစားသုံးကာ ရေဆိုးထုတ်လွှတ်သင့်ကြောင်းပြသမည်

အမေရိကန်သံအမတ်က ဖူကူရှီးမားစက်ရုံအနီးမှငါးကိုစားသုံးကာ ရေဆိုးထုတ်လွှတ်သင့်ကြောင်းပြသမည်

ဝါရှင်တန်၊ဩဂုတ် ၂၄

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရမ်အီမန်နူရယ်သည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဖူကူရှီးမားစီရင်စုရှိ မြို့သို့ သြဂုတ် ၃၁ ရက်တွင်သွားရောက်လည်ပတ်မည်ဖြစ်ပြီး နျူစက်ရုံမှ သန့်စင်ထားသောရေများကို ပင်လယ်ထဲသို့လွှတ်ထုတ်ရန်ဆုံးဖြတ်ချက်အား ထောက်ခံကြောင်း ပြသရန် အဆိုပါဒေသမှငါးကိုစားပြီး ဘေးကင်းကြောင်း သက်သေပြရန်စီစဉ်ထားကြောင်းသံရုံးတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ကျိုဒိုနှင့်ဖုန်းအင်တာဗျူးတွင်အီမန်နူရယ်က ၎င်း၏ခရီးစဉ်အတွင်း ဒေသခံငါးဖမ်းသမားများ၊ ဒေသခံများအပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံမည်ဖြစ်ပြီး၊၎င်းအနေဖြင့် ဂျပန်နိုင်ငံ၏ နည်းလမ်းတကျလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကိုပြသရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ကမ်းရိုးတန်းမြို့ ဆိုမာသို့ သွားရောက်လည်ပတ်မည့်အထူးသံတမန်၏အစီအစဉ်သည် တရုတ်နိုင်ငံ၏ပြင်းထန်သောဆန့်ကျင်မှုများကြားမှပင်ဂျပန်အစိုးရက ရေဆိုးလွှတ်မှုပြုလုပ်ရန် ဆုံးဖြတ်ပြီးနောက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

၎င်း၏ခရီးစဉ်၌ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် ဒေသအနီးတစ်ဝိုက်မှဖမ်းမိပြီး ချက်ပြုတ်ထားသောငါးများကို စားသောက်ခြင်း၊ပင်လယ်စာဈေးသို့လည်ပတ်ခြင်းနှင့် မြို့တော်ဝန်နှင့်အတူရှိကာဆွေးနွေးခြင်းတို့ပါဝင်သည်ဟုသိရသည်။

ဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံမှ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ရေထုတ်လွှတ်ခြင်းအတွက် ဂျပန်နိုင်ငံ၏လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု၊ သိပ္ပံနည်းကျအခြေခံပြီး နိုင်ငံတကာအသိအမှတ်ပြုမှု အပြည့်အဝရရှိပြီးဖြစ်ကြောင်းလည်း၎င်းကအလေးပေးပြောကြားခဲ့သည်။

ဂျပန့်အိမ်နီးချင်းနိုင်ငံများအနက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ယခုဆုံးဖြတ်ချက်အား တောင်ကိုရီးယားသမ္မတကထောက်ခံခဲ့သော်လည်း တောင်ကိုရီးယားအတိုက်အခံပါတီနှင့်အချို့နိုင်ငံသားများကလက်မခံဘဲဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။

Source : kyodo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071