Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsအမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး...

အမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး ICE အေးဂျင့် ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ရှာ

အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦး၏ မိခင်ဖြစ်သူ Renee Nicole Good (အသက် ၃၇ နှစ်) သည် ယနေ့အစောပိုင်းက Minneapolis မြို့ရှိ သူမ၏နေအိမ်နှင့် လမ်းအနည်းငယ်သာဝေးသောနေရာတွင် ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိ) တစ်ဦး၏ ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

“[ICE အေးဂျင့်တစ်ဦးသည်] ယနေ့နံနက်ပိုင်းက Minneapolis တောင်ပိုင်းတွင် ဒေသခံများနှင့် ဖက်ဒရယ်အရာရှိများကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း အမျိုးသမီးတစ်ဦးကို ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့သည်။ […] အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သည့် ဒေသခံအချို့၏ ပြောကြားချက်အရ အေးဂျင့်များသည် ထိုအမျိုးသမီးအား ကားပေါ်မှဆင်းရန် အမိန့်ပေးနေခဲ့သည်ဟု ဆိုသည်။ ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ယာဉ်မောင်းဖြစ်သူက ကားကို နောက်ဆုတ်ပြီးနောက် ရှေ့သို့ပြန်မောင်းစဉ် အေးဂျင့်များက ကားကိုဝိုင်းထားသည်ကို တွေ့ရသည်။ ထို့နောက် အေးဂျင့်တစ်ဦးသည် ကားအတွင်းသို့ ကျည်ဆန်အမြောက်အမြားဖြင့် ပ-စ်ခတ်ခဲ့ပုံရသည်။”ဟု Minnesota Star Tribune သတင်းစာက ရေးသားဖော်ပြထားသည်။

ယခုအခါ Private လုပ်ထားသည့် Renee Nicole Good ၏ Instagram အကောင့်ကိုယ်ရေးအကျဉ်းတွင် သူမကိုယ်သူမ “ကော်လိုရာဒိုပြည်နယ်မှ ကဗျာဆရာ၊ စာရေးဆရာ၊ ဇနီးသည်၊ မိခင်နှင့် ဂစ်တာကို မတောက်တ‌ခေါက်တီးတတ်သူတစ်ဦး၊ ယခုအခါ Minneapolis တွင် နေထိုင်သူ” ဟု ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်က Renée Nicole Macklin ဟူသော ကလောင်အမည်ဖြင့် သူမသည် “On Learning to Dissect Fetal Pigs” အမည်ရှိ ကဗျာဖြင့် ဂုဏ်သရေရှိ Academy of American Poets ဆုကို ရရှိခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် Minneapolis မြို့တော်ကောင်စီဝင်များက စုပေါင်းထုတ်ပြန်ချက်တစ်‌စောင်ထုတ်ပြန်ကာ၊ ICE အေးဂျင့်များအား မြို့အတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။

“ဒီမနက်မှာ ICE အေးဂျင့်တစ်ဦးက ကျွန်မတို့လူထုထဲက တစ်ဦးဖြစ်တဲ့ Renee Nicole Good ကို ‌ေ-သနတ်နဲ့ ပစ်သ-တ်ခဲ့ပါတယ်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်မတို့မြို့ထဲမှာ လူသ-တ်မှုကျူးလွန်သူ ဘယ်သူမဆို အဖမ်းခံရရမယ်၊ စုံစမ်းစစ်ဆေးခံရရမယ်၊ ပြီးတော့ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူခံရရမှာ ဖြစ်ပါတယ်။”

ကောင်စီဝင်များက ၎င်းတို့သည် Minneapolis ရှိ ရွှေ့ပြောင်းနေထိုင်သူ လူထုဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့ပြီး၊ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် မြို့အတွင်းသို့ “ရုတ်ရုတ်သဲသဲဖြစ်မှုနှင့် အကြမ်းဖက်မှုများ” ကို ယူဆောင်လာသည်ဟု စွပ်စွဲကာ ဒေသခံများကို အကာအကွယ်ပေးရန် ပြည်နယ်အဆင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြသည်။

မင်နီဆိုတာပြည်နယ်နှင့် တစ်နိုင်ငံလုံးရှိ အခြားဒီမိုကရက်တစ် အမတ်များကလည်း ICE အေးဂျင့်၏ ထိုသ-တ်ဖြ-တ်မှုကို ရှုတ်ချခဲ့ကြပြီး Minneapolis မြို့မှ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကွန်ဂရက်လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင်များကမူ Good သည် သူမ၏ကားဖြင့် အေးဂျင့်များကိုတို-က်ရန် ကြိုးပမ်းခဲ့သည်ဟု အခိုင်အမာပြောဆိုကြသော်လည်း၊ ဗီဒီယိုမှတ်တမ်းများအရ ထိုသို့မဟုတ်ကြောင်း ဒီမိုကရက်တစ်အမတ် အများအပြားက ထောက်ပြခဲ့ကြသည်။

သို့သော်လည်း ရီပတ်ဘလီကန်များကမူ ထိုသတ်ဖြတ်မှုအပေါ် ဒီမိုကရက်များနှင့် လူထု၏ ဝေဖန်မှုများရှိနေသော်လည်း ICE အပေါ် ၎င်းတို့၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

“ICE အရာရှိတိုင်း သိထားစေချင်တာကတော့ ခင်ဗျားတို့ရဲ့ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရအဖွဲ့တစ်ခုလုံးဟာ ခင်ဗျားတို့နောက်မှာ ရှိနေတယ်ဆိုတာပါပဲ” ဟု ဒုသမ္မတ JD Vance က X တွင် ရေးသားခဲ့သည်။

ထို့အပြင် ပ-စ်ခတ်မှုဖြစ်ပွားပြီးနောက် Good အား ကူညီရန် ကြိုးပမ်းခဲ့သည့် ဆရာဝန်တစ်ဦးအားလည်း ICE အေးဂျင့်များက တားဆီးပိတ်ပင်ခဲ့ကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ဆေးတပ်ဖွဲ့ဝင်များလာနေပြီဖြစ်ကြောင်း ထိုဆရာဝန်အားပြောကြားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေများကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071