(Unicode)
အမေရိကန်သမ္မတနှင့် တရုတ်သမ္မတို့ ဗီဒီယိုကွန်းဖရန့်စနစ်ဖြင့်တွေ့ဆုံရန်စီစဉ်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဗီဒီယိုကွန်းဖရန့်စ်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး နှစ်နိုင်ငံအကြားကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ဖြစ်တယ်လို့သိရပါတယ်။
ပထမဆုံးတွေ့ဆုံမှုကတော့ ယခုနှစ်အစောပိုင်း ဖေဖော်ဝါရီလမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂နာရီကြာစကားပြောဆိုခဲ့ကာ ယခုတွေ့ဆုံမှုမှာတော့ လာမယ့်ရက်သတ္တပတ်ထဲ စောနိုင်သမျှစောစောဖြစ်နိုင်တယ်လို့ဆိုပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ တရုတ်သံရုံးဝက်ဘ်ဆိုက်ကတစ်ဆင့် အမေရိကန်သံရုံးကိုပေးပို့တဲ့စာမှာ ၎င်းတွေ့ဆုံမှုအကြောင်း အရိပ်အဳမြွတ်ပြောကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြားဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလည်း ဆွစ်ဇလန်နိုင်ငံဇူရစ်မြို့မှာ အမေရိကန်အိမ်ဖြူတော်လုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံလုံခြုံရေးအကြံပေး Yang Jiechi တို့ဟာလည်း တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။
ထိုင်ဝမ်နိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြားတင်းမာမှုတွေကတော့ မြင့်တက်ဆဲဖြစ်ပါတယ်။
Source – CNN,CNBC
(Zawgyi)
တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ တရုတ်သံရုံးဝက်ဘ်ဆိုက်ကတစ်ဆင့် အမေရိကန်သံရုံးကိုပေးပို့တဲ့စာမှာ ၎င်းတွေ့ဆုံမှုအကြောင်း အရိပ်အုမြွတ်ပြောကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြားဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။
Source – CNN,CNBC