အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ထိုင်ဝမ်သို့ထပ်မံရောက်ရှိလာ
တိုင်ပေ၊စက်တင်ဘာ ၇
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယခင်ကကြိုတင်မကြေညာထားသည့်ခရီးစဉ်တစ်ခုအနေဖြင့် ထိုင်ဝမ်သို့စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင်ရောက်ရှိလာခဲ့ကာ ကန်အမတ်များ၏ ခရီးစဉ်အပေါ်ဒေါသနှင့်တုံ့ပြန်လေ့ရှိသည့် ပေကျင်းကိုဖီဆန်ခဲ့သည်။
ဖလော်ရီဒါပြည်နယ်မှ အောက်လွှတ်တော်လက်နက်ဝန်ဆောင်မှုကော်မတီ၏ ဒီမိုကရက်တစ်အမတ် စတက်ဖနီမာဖီ ဉီးဆောင်သော လွှတ်တော်အမတ်ရှစ်ဦးပါဝင်ေသာအဖွဲ့သည် အင်ဒို – ပစိဖိတ်ဒေသသို့လာရောက်ရာတွင် သောကြာနေ့အထိတည်းခိုနေထိုင်မည်ဖြစ်ကြောင်း ထိုင်ဝမ်ရှိအမေရိကန်သံရုံးသဖွယ်ထားေသာ ရုံးကပြောကြားခဲ့သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် အမေရိက-တိုင်ပေဆက်ဆံရေး၊ဒေသတွင်းလုံခြုံရေး၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားသောအရေးပါသည့်ကိစ္စရပ်များကိုပါဆွေးနွေးရန် ထိုင်ဝမ်၏ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းကိုလည်း ထိုင်ဝမ်အခြေစိုက်အမေရိကရုံးကကြေငြာခဲ့သည်။
ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်နေသည့်ကြားမှ ပေကျင်းသည် ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ရှုမြင်ထားသည်။ပြီးခဲ့သည့်လက ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်သို့ခရီးစဉ်အပြီးမှစကာ တရုတ်ဘက်မှစစ်ကစားမှုများနှင့် စစ်ရေးလှုပ်ရှားမှုများအား ဆက်တိုက်ဆိုသလိုလုပ်ဆောင်ခဲ့သည်။
ပေလိုစီ၏ခရီးစဉ်အပြီးတွင် အခြားသောအမေရိကန်လွှတ်တော်အမတ်များနှင့် အမေရိကန်အရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှူးတို့လည်း ဆက်တိုက်ရောက်ရှိလာကြသည်။
Source –Reuters/yb