အမေရိကန် လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည့် အမျိုးအမည်မသိသော အရာဝတ္ထုများကို လေ့လာရန်အတွက် ပူးပေါင်း စုံစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ကို သမ္မတဘိုင်ဒင်က တည်ထောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့တွင် သတင်းထုတ်ပြန်သည်။
“လုံခြုံရေးဆိုင်ရာ ဒါမှမဟုတ် လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အမျိုးအမည်မသိ ဝေဟင်အရာဝတ္ထုတွေကို ထောက်လှမ်းမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာတွေ၊ မူဝါဒဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပူးပေါင်းဖွဲ့တစ်ဖွဲ့တည်ထောင်ဖွဲ့စည်းဖို့ သမ္မတက သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးကနေတစ်ဆင့် ဒီနေ့ ညွှန်ကြားထားပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းထောက်များအား ပြောကြားခဲ့သည်။
အဖွဲ့တွင်”အစိုးရ၏အစိတ်အပိုင်းတိုင်း” ပါဝင်မည်ဖြစ်ပြီး “ဤဖြစ်ရပ်များကိုနားလည်ရန်နှင့် ထိုသို့ဝင်ရောက်မှုများလျော့ပါးစေရန်တို့သည် အဖွဲ့တည်ထောင်ခြင်းရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်” ဟုလည်း Kirby မှပြောကြားခဲ့သည်။
မိုးလေဝသပူဖောင်းများ သို့မဟုတ် ယခုသီတင်းပတ်ကုန်တွင် ပစ်ချခံရသည့် အရာဝတ္ထုများကဲ့သို့သော ပစ္စည်းများထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Biden establishing interagency team to study unidentified objects in US airspace(The Hill)