Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeInternationalအမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုကို ယူကရိန်းကသဘောတူပြီလို့...

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုကို ယူကရိန်းကသဘောတူပြီလို့ ဆို

ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်မယ့် သဘောတူညီချက်ကို သဘောတူညီခဲ့ပြီး “အသေးအဖွဲ ကိစ္စလေးတွေ” လောက်ပဲ ထပ်ညှိဖို့ကျန်တော့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

ဒီလိုသတင်း ထွက်ပေါ်လာတာက အမေရိကန် စစ်ဝန်ကြီးဖြစ်သူ ဒန် ဒရစ်စကောလ်က အာရပ်စော်ဘွားများ ပြည်ထောင်စု မှာ ရုရှားအရာရှိတွေနဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေချိန်လည်း ဖြစ်ပါတယ်။

ယူကရိန်း အမျိုးသားလုံခြုံရေးအတွင်းရေးမှူး ရူစတမ် အူမဲရော့ဗ်ကတော့ “ဂျီနီဗာမှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ရဲ့ အဓိကအချက်တွေကို နှစ်ဖက်စလုံးက နားလည်မှု ရရှိခဲ့ပြီ” လို့ X မှာရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ နောက်ထပ် အဆင့်တွေအတွက် ဥရောပ မိတ်ဆွေတွေရဲ့ ပံ့ပိုးကူညီမှုကို မျှော်လင့်ပါတယ်” လို့လည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်နဲ့ သဘောတူညီချက်ကို “နောက်ဆုံးအဆင့်တွေ အပြီးသတ်ပြီး အတည်ပြုနိုင်ဖို့အတွက်” သမ္မတ ဇလန်းစကီး အမေရိကန်ကို လာရောက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဇလန်းစကီးကလည်း X မှာ “ဂျီနီဗာမှာ တွေ့ဆုံမှုတွေအပြီးမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေ အများကြီးကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ ခိုင်မာတဲ့ ရလဒ်တွေ ရရှိထားပြီးပါပြီ၊ ဒါပေမဲ့ လုပ်စရာ အလုပ်တွေ အများကြီး ကျန်နေသေးတယ်” လို့ ဒီနေ့မနက်စောစောပိုင်းက ပြောခဲ့ပါတယ်။

အမေရိကန် စစ်ဝန်ကြီးဒရစ်စကောလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျက်ဖ် တောလ်ဘတ်ကလည်း အဘူဒါဘီမှာ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေဟာ “အဆင်ပြေနေပြီ” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကတော့ အကယ်၍ ပြင်ဆင်ထားတဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ အလာစကာမှာ ကျင်းပခဲ့တဲ့ အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ “အခြေခံအားဖြင့် ကွဲပြား” နေရင် ရုရှားဖက်က လက်ခံမှာ မဟုတ်ဘူးလို့ ပြောပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားနဲ့ ယူကရိန်းတို့ဟာ တစ်ညတာအတွင်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ အပြန်အလှန် ပြုလုပ်ခဲ့ကြပြီး ယူကရိန်းဖက်က အနည်းဆုံး လူ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071