Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeInternationalအမေရိကန်နှင့် ဒိန်းမတ်အကြား ပဋိပက္ခကို...

အမေရိကန်နှင့် ဒိန်းမတ်အကြား ပဋိပက္ခကို ရှောင်လွှဲရန် အာတိတ်ဒေသတွင် NATO က အင်အားဖြည့်တင်းဖွယ်ရှိ

ဂရင်းလန်းကျွန်းသို့ အမေရိကန်၏ စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာနိုင်ခြေကို တားဆီးရန်အတွက် နေတိုး (NATO) အဖွဲ့သည် သမ္မတ ဒေါ်နယ်ထရမ့်ကို ရည်ရွယ်သည့် အဆင့်နှစ်ဆင့်ပါဝင်သော သံတမန်ရေးရာ ကြိုးပမ်းမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း Politico သတင်းဌာနက ရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ နေတိုးဆိုင်ရာ သံအမတ်ကြီးများက အာတိတ်ဒေသတွင် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန်၊ စစ်လက်နက်ပစ္စည်းများ ထပ်မံဖြန့်ကြက်ရန်နှင့် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်တင်ရန် အဆိုပြုခဲ့ကြသည်။ အဆိုပါဒေသသည် လုံလောက်သော လုံခြုံမှုရှိကြောင်း ထရမ့်အား သက်သေပြရန်အတွက်ဖြစ်သည်။ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် တံခါးပိတ်အစည်းအဝေးတစ်ခုအတွင်း နေတိုးသံအမတ်ကြီးများက ဂရင်းလန်း၏ အနာဂတ်နှင့်ပတ်သက်၍ ထရမ့်၏ ရပ်တည်ချက်အပေါ် အလျှော့အတင်းလုပ်ဆောင်မည့် နည်းလမ်းကို ရှာဖွေရမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း မှတ်ချက်ပြုထားသည်။

ဂရင်းလန်းကျွန်းကို ထိန်းချုပ်နိုင်ခြေနှင့် ပတ်သက်၍ ထရမ့်၏ ပြောဆိုမှုများ ပိုမိုပြင်းထန်လာချိန်တွင် အမေရိကန်အစိုးရအဖွဲ့ အကြီးအကဲနှင့် တို-က်ရို-က်ထိပ်တိုက်တွေ့ရန် အသင့်ပြင်ထားကြဖို့ ဥရောပသမဂ္ဂအတွင်း တောင်းဆိုသံများ ထွက်ပေါ်နေကြောင်း Politico က အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ဥရောပအစိုးရများသည် ယခင်က ထရမ့်၏ ခြိမ်းခြောက်မှုများကို အလေးအနက် မထားခဲ့ကြသော်လည်း ယခုအခါတွင်မူ အခြေအနေ၏ စိုးရိမ်ရမှုကို သဘောပေါက်လာကြပြီဖြစ်ကြောင်း အဆိုပါသတင်းစာက မှတ်ချက်ပြုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071