အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ် Albuquerque မြို့၏ လူသွားလူလာ ထူထပ်သော လမ်းတလမ်းပေါ်သို့ မီးပုံးပျံ တစ်လုံး စနေနေ့က ပျက်ကျသဖြင့် မီးပုံးပျံပေါ်ပါဝင်သူ ၅ ဦးစလုံး သေဆုံးခဲ့သည်။ ယင်းမီးပုံးပျံပျက်ကျရာတွင် လျှပ်စစ် ဓာတ်အားလိုင်း များကိုလည်း ထိမိခဲ့သေးသည်။
စနေနေ့ နံနက် ၇ နာရီခန့်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ မီးပုံးပျံပေါ် ပါဝင်သူ ၂ ဦးကိုသာ မည်သူမည်ဝါ ဟူ၍ သိရှိသေးကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ထိုနှစ်ဦးမှာလည်း ရဲတပ်ဖွဲ့မှ အကျဉ်းသား သယ်ယူပို့ဆောင်ရေး အရာရှိတစ်ဦး၏ မိဘများဖြစ်ကြသောကြောင့် သိရှိခြင်းဖြစ်သည်။
မီးပုံးပျံပျက်ကျစဉ်တွင် ၄ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲပြီး၊ ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ဆေးရုံသို့ ပို့လိုက်ရသူမှာလည်း ညနှောင်းပိုင်းတွင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ref: 5 die in US hot air balloon accident
Photo: Adolphe Pierre-Louis/The Albuquerque Journal via AP