Friday, February 14, 2025

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇...

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ...

တိုင်းရင်းသားပြည်သူများ ခံစားနေရသည့် ဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်နိုင်ရေး...

တိုင်းရင်းသားပြည်သူများ ခံစားနေရသည့် ဒုက္ခများ အမြန်ဆုံးလွတ်မြောက်နိုင်ရေး နိုင်ငံရေးနည်းလမ်းဖြစ်အဖြေရှာသင့်ပြီဟု ယုံကြည်ကြောင်း မွန်ညီညွတ်‌ရေးပါတီက တိုက်တွန်းထားသည်။ ဖေဖော်ဝါရီ (၁၃)ရက်၌ ကျရောက်သည့် (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က...
HomeInternationalအမေရိကန်က တာဝေးပစ် ATACMS...

အမေရိကန်က တာဝေးပစ် ATACMS ဒုံးကျည်တွေ ယူကရိန်းကို တိတ်တဆိတ် ပေးပို့ခဲ့

ရုရှားနဲ့ တိုက်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ တိတ်တဆိတ် တင်ပို့ပေးခဲ့ကြောင်းနဲ့ ယူကရိန်းက ယင်းဒုံးကျည်တွေကို နှစ်ကြိမ်တိုင် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဧပြီ ၂၄ ရက်မှာ ပြောဆိုပါတယ်။

ယင်းဒုံးကျည်တွေဟာ မတ် ၁၂ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အတည်ပြုပေးခဲ့တဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီ ကန်ဒေါ်လာ သန်း ၃၀၀ အစီအစဉ်မှာ ပါဝင်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိက ပြောဆိုခဲ့ပါတယ်။ ဒုံးကျည်ဘယ်လောက်များများ ပေးပို့ခဲ့သလဲဆိုတာကိုတော့ ယင်းအရာရှိက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ယင်းဒုံးကျည်တွေကို ဧပြီ ၁၇ ရက် အစောပိုင်းက ယူကရိန်းရှေ့တန်းစစ်မြေပြင်မှ ၁၆၅ ကီလိုမီတာအကွာ ခရိုင်းမီးယားရှိ ရုရှားလေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်ခဲ့ရာမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တယ်လို့ အရာရှိက ပြောပါတယ်။ ဒုတိယအကြိမ်ကတော့ ယူကရိန်းအရှေ့တောင်ပိုင်းရှိ ရုရှားတပ်တွေကို ညပိုင်းတိုက်ခိုက်ရာမှာ ယင်းလက်နက်တွေကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

အကွာအဝေး ၃၀၀ ကီလိုမီတာအထိ ရောက်ရှိနိုင်တဲ့ စစ်တပ်နည်းဗျူဟာ ဒုံးကျည်စနစ် (ATACMS) ကို ပေးပို့မှုလုပ်မလုပ်ဟာ ဘိုင်ဒင်အစိုးရအဖွဲ့အတွင်း လအတော်ကြာ အငြင်းအခုံဖြစ်ခဲ့တဲ့ အကြောင်းအရာဖြစ်ပါတယ်။ တာလတ်ပစ် ATACMS ဒုံးကျည်တွေကိုတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက ထောက်ပံ့ပေးထားခဲ့တာဖြစ်ပါတယ်။

အမေရိကန် လက်နက်တိုက်တွေမှာ ယင်းဒုံးကျည်အမျိုးအစားတွေ လျော့ကျသွားပြီး အမေရိကန်စစ်တပ်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ထိခိုက်လာနိုင်တာကြောင့် ပင်တဂွန်က ကနဦးမှာ တာဝေးပစ်ဒုံးကျည်တွေ တပ်ဖြန့်မှုကို ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းအနေနဲ့ ယင်းဒုံးကျည်တွေကို ရုရှားအတွင်းပိုင်း ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုလာနိုင်တဲ့အရေးအတွက်လည်း ပင်တဂွန်က စိုးရိမ်မှုရှိခဲ့ပါတယ်။

ရုရှားဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလက မြောက်ကိုရီးယား ထောက်ပံ့ထားတဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေသုံးကာ ယူကရိန်းကို တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်က လူသိရှင်ကြားနဲ့ရော လျှို့ဝှက်သတိပေးမှုတွေပါလုပ်ပြီး ဒီလက်နက်တွေသုံးမတိုက်ဖို့ ပြောခဲ့ပေမယ့် အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့လည်း အမေရိကန်အရာရှိက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။ ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။ ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၄)ခု၌ မိုးအနည်းငယ်ရွာသွန်းနိုင်

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းတွင်နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်နာရီလျင် မိုင်(၃၀)မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071