Monday, January 20, 2025

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း...

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး...

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...
HomeInternationalအမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ်...

အမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ် ရည်ရွယ်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ရာထူးသက်တမ်း လေးနှစ်တာအတွင်း အမေရိကသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူအားလုံးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထားကြောင်း သို့ရာတွင် “Dreamer” ဟု ခေါ်တွင်သည့် ရွှေ့ပြောင်းနေထိုင်သူများကိုမူ အကာအကွယ်ပေးရေး သဘောတူညီချက်တစ်ခုလိုလားကြောင်း တနင်္ဂနွေနေ့တွင် NBC News သတင်းဌာနက ထုတ်လွှင့်ခဲ့သော “Meet the Press with Kristen Welker” အင်တာဗျူးအစီအစဉ်တွင် သူက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မိဘများ၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက် မည်သို့ပင်ရှိစေကာမူ အမေရိကတွင် မွေးဖွားသူတိုင်းကို နိုင်ငံသားဖြစ်ခွင့်ပေးသည့် မွေးရာပါနိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍လည်း သူရာထူးစယူသည့် ပထမနေ့တွင်ပင် သမ္မတအခွင့်အာဏာဖြင့် အဆုံးသတ်ရန် စီစဉ်နေကြောင်းလည်း ထရမ့်ပ်က ပြောဆိုခဲ့သည်။

အိမ်ဖြူတော်အတွက် ဒုတိယ အကြိမ် သမ္မတသက်တမ်းကို ရရှိထားသော ရီပတ်ဘလီကန်ပါတီဝင် ထရမ့်ပ်သည် အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေးကို ကတိပြုထားသည်။ ဇန်နဝါရီ ၂၀ ရက် သူ ရာထူးတာဝန်စယူချိန်တွင် တရားမဝင် ဝင်ရောက်မှုများအတွက် နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖွယ်ရှိပြီး ကျယ်ပြန့်သော ဖြိုခွင်းမှုအစီအမံကို အထောက်အကူပြုရန်အတွက် ပြည်ထောင်စုအစိုးရတစ်ဝန်းမှ အရင်းအမြစ်များကို စုစည်းရဖွယ်ရှိသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အမေရိကတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းခန့်ရှိမည်ဟု အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသော်လည်း လက်ရှိအချိန်တွင်မူ ယင်းကိန်းဂဏန်းထက် ပိုမိုမြင့်မားဖွယ်ရှိသည်။

ထရမ့်ပ်သည် ၂၀၁၇-၂၀၂၁ ခုနှစ်အထိ သူ၏ ပထမသမ္မတသက်တမ်းအတွင်းက ရွှေ့ပြောင်းနေထိုင်သူများ ပြည်နှင်မှု လျှော့ချရေးနှင့် အလုပ်အကိုင်ပါမစ်ပေးအပ်ခြင်း အစီအစဉ်ကို အဆုံးသတ်ရန်ကြိုးစားခဲ့ သော်လည်း တရားရုံးချုပ်က ပယ်ချခဲ့သည်။

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန် ကြိုးစားမည့် ထရမ့်ပ်၏ အစီအစဉ်သည် ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အဆိုပါ အခွင့်အရေးသည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မှ အရင်းခံလာပြီး ၁၈၉၈ ခုနှစ် တရားရုံးချုပ်ဖြတ်ထုံးကလည်း ထောက်ခံထားသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန် ကြီးဦးအေးထွန်းတက်ရောက်ကြည်ညိုပူဇော်ခဲ့သည်။ စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃ လက်မခွဲ အရွယ်ရှိ "စေတိယင်္ဂဏစာလျှောက်မေးပွဲတံဆိပ်တော်"၊ ကျောက်စိမ်းအနက်ဖြင့် ထုလုပ်ထားသော အချင်း ၂၇ လက်မ၊ ထု ၈ လက်မခွဲ"အောင်မောင်းကြီး"(၁)လုံးနှင့် အချင်း...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ...

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး ၃ ဦး၏အမည်ကို ထုတ်ပြန်ကြေငြာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးကို စတင်ပြီ ဖြစ်ကြောင်း တရာကြေငြာခဲ့သည်။ ကာတာ၊အီဂျစ်နှင့်အမေရိကတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အသက်ဝင်အကောင်အထည်ဖော်နိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်အကျိုးသက်ရောက်သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဟားမတ်စ်ဘက်မှ တိကျသေချာသည့် ဓ-ါးစာခံစာရင်း ကို မထုတ်ပြန်မချင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်တိုက်ခိုက်သွားရန်လည်း ညွှန်ကြားထားသည်ဟုသိရသည်။ ဟားမတ်စ်၏ထုတ်ပြန်ကြေငြာချက်အရ ၎င်းတို့အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071