မန္တလေးတိုင်းဒေသကြီးရှိ အေးရိပ်ငြိမ်သုသာန်တွင် အမေဖြစ်သူကို သမီးဖြစ်သူက သုသာန်၌ စွန့်ပစ်သွားမှု ယမန်နေ့ ဇူလိုင်လ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း အေးရိပ်ငြိမ်သုသာန်ရှိ မြန်မာသင်္ချိုင်းနှင့် တရုတ်သင်္ချိုင်းအကြားတွင် လူသေအလောင်းတွေ့ရှိကြောင်း အကြောင်းကြားလာသည့်အတွက် အလင်းစေတမန်ပရဟိတအသင်းက သွားရောက်ခဲ့ရာ လူသေအလောင်းမဟုတ်ဘဲ အသက် ၃၉ နှစ်အရွယ်ရှိ ကျန်းမာရေး မကောင်းသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
” မြစ်ငယ်ဘက်ကနေ အိုးဝေကို ၅၀၀၀၀ နဲ့ ငှားပြီးလာပစ်တာလို့ ပြောတယ်၊ ဒီနေ့ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ပေးမှာပါ” ဟု အလင်းစေတမန်ပရဟိတအသင်းမှ တာ၀န်ရှိသူတစ်ဦးကပေါ်ပြူလာနယူး(စ်) သို့ပြောသည်။
ကျန်းမာရေးမကောင်းသည့် ထို အမျိုးသမီးကို အလင်းစေတမန်ပရဟိတအသင်းက မေတ္တာရိပ်ဘိုးဘွားစောင့်ရှောက်ရေး အသင်းသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အလင်းစေတမန်ပရဟိတအသင်း
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6152389147004878813_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6152389147004878814_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6152389147004878815_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6152389147004878816_x.jpg)