Friday, December 13, 2024

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂...

တပ်ချုပ်တက်ရောက်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းကပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား...

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာဟု တပ်ချုပ်ပြော

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာကြသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ...

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ထရမ့်ပ်က ရှီကို...

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် နောက်လတွင်ပြုလုပ်မည့် သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့သည်ဟု သတင်းရင်းမြစ်များစွာကို ကိုးကား၍ စီဘီအက်စ်သတင်းဌာနက...
HomeInternationalအမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

အမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

အမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ထိုင်ဝမ်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကလည်း တရုတ်စစ်တပ်ကိုခုခံတွန်းလှန်ခဲ့ဖူးသကဲ့သို့ယခုတစ်ကြိမ်တွင်လည်း အမိမြေကို‌ ကာကွယ်ရန် အသင့်ရှိနေကြောင်း ပြောကြားပြီးတရုတ်ကိုသတိပေးခဲ့သည်။

စတန်းဖို့ဒ်တက္ကသိုလ်မှ အမေရိကန် ပညာရှင်အဖွဲ့နှင့်တွေ့ဆုံစဉ် သမ္မတဆိုင်သည် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့၏  သမိုင်းကြောင်းကိုပြောကြားခဲ့ပြီး ၁၉၅၈ ခုနှစ် သြဂုတ်လက တရုတ်တို့၏ တိုက်ခိုက်မှုအ‌ကြောင်းများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ခြောက်ဆယ့်လေးနှစ်၊သြဂုတ်လ ၂၃ ရက်တုန်းကတိုက်ပွဲမှာ ဒီနေ့မြင်‌နေရတဲ့ဒီမိုကရက်တစ် ထိုင်ဝမ်ကို ပိုင်ဆိုင်နိုင်စေဖို့ ကျွန်မတို့ ထိုင်ဝမ်စစ်သားတွေနဲ့ အရပ်သားပြည်သူတွေဟာ စည်းလုံးညီညွတ်စွာနဲ့ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာပါ” ဟု သူကပြောကြားခဲ့သည်။

“အမိနိုင်ငံကိုကာကွယ်ဖို့ တိုက်ခိုက်ခဲ့တဲ့အဲ့ဒီစစ်ပွဲကနေ ထိုင်ဝမ်နိုင်ငံသူ/သားတွေရဲ့ တိုင်းပြည်ကာကွယ်ချင်စိတ်ကို ဘယ်လိုသောခြိမ်းခြောက်မှုမျိုးကမှ မတားဆီးနိုင်ဖူးဆိုတာ ကမ္ဘာသိအောင်ချပြနိုင်ခဲ့ပါတယ်။ပြီးတော့ ထိုင်ဝမ်ပြည်သူတွေရဲ့ အဲ့ဒီလိုတိုင်းပြည်ချစ်စိတ်ဟာ ဟိုအရင်အချိန်ကတင်ရှိခဲ့တာမဟုတ်ပဲ အခုရော၊နောင်ရောအထိဆက်လက်ရှင်သန်နေဦးမှာဆိုတာ ကျွန်မယုံကြည်ပါတယ်” ဟုဆိုခဲ့သည်။

“ထိုင်ဝမ်ပြည်သူတွေဟာ ကိုယ့်တိုင်းပြည်အတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်မှုနဲ့ သာယာဝပြောရေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်နဲ့ယုံကြည်မှု နှစ်ခုလုံးရှိတယ်ဆိုတာကို ကမ္ဘာကိုပြသသွားမှာပါ” ဟု သမ္မတက ရိုက်တာသတင်းတွင်ဖော်ပြခဲ့သည်။

၁၉၅၈ ခုနှစ်ကတရုတ်စစ်တပ်သည် ထိုင်ဝမ်ထိန်းချုပ်ထားသော Kinmen နှင့် Matsu ကျွန်းများကို တိုက်ခိုက်ခဲ့သော်လည်း ထိုအချိန်တွင် ထိုင်ဝမ်သည် ၎င်းတို့အား လက်နက်များကူညီပေးအပ်ခဲ့သည့် အမေရိကန်၏အကူအညီဖြင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

“ထိုင်ဝမ်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ခိုင်ခိုင်မာမာဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အဲ့လိုအကောင်အထည်ဖော်နိုင်ဖို့ အမေရိကနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားပါမယ်၊အာဏာရှင်ရဲ့နယ်မြေချဲ့ထွင်မှုကို လက်မခံပါဘူး” ဟု ဆိုင်ကဆိုသည်။

ယခုလအစောပိုင်းကလည်း ထိုင်ဝမ်သည် တရုတ်နိုင်ငံအား မခံချိမခံသာဖြစ်စေခဲ့သော ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ခရီးစဉ်အပါအဝင် ကန်နိုင်ငံရေးသမားအများအပြားအား လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအချက်ကိုအကြောင်းပြကာ တရုတ်စစ်တပ်ကလည်း ထိုင်ဝမ်ရေလက်ကြားနယ်စပ်တွင် နေရာယူထားသော လေယာဉ်များနှင့်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မှုများစွာကိုပြုလုပ်ခဲ့သည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့အား ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစဉ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တ ကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ ထိန်းသိမ်းရာတွင်လည်း ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြား အသုံးအဆောင်ပစ္စည်းများအား ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံးရှာဖွေထည့်သွင်းသုံးစွဲရန်မှာကြားခဲ့သည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြား ရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ရှိသူများအား...

တပ်ချုပ်တက်ရောက်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းကပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ကာ တပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုကို ကြည့်ရှုအားပေး၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့ပြင် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ ၏ တေးသီချင်းများဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ စစ်ဘက်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကျောင်းဆင်းဗိုလ်လောင်းမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာဟု တပ်ချုပ်ပြော

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာကြသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်စစ်ရေးပြကွင်းတွင်ကျင်းပစဥ် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ခေတ်သစ်စစ်ပွဲများကိုလေ့လာကြည့်ပါက အ ဆင့်မြင့်နည်းပညာများကိုအသုံးပြု၍ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် သတင်းအချက်အ လက်စစ်ဆင်ရေးများကို ထိရောက်စွာပုံဖော်တိုက်ခိုက်နေကြသည်ဟု ပြောသည်။ " ဒါ့ကြောင့် မျက်မှောက်ခေတ်စစ်ပွဲတွေမှာ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာမှာလည်း နည်းပညာရဲ့အခန်းကဏ္ဍက အလွန်အရေးပါတဲ့ အနေအထားကို ရောက်လာပြီဆိုတာတွေ့ရပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ထို့ကြောင့် ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိ ပ္ပံနှင့်နည်းပညာရပ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071