အမရပူရမြို့နယ်ရှိ အထည်ဆိုင်တွင် လက်လုပ်မိုင်းပေါက်ကွဲ အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
မန္တလေးတိုင်း၊အမရပူရမြို့နယ်၊စာတော်ကျေးရွာ အုပ်စု၊စာတောကျေးရွာရှိ ယက္ကန်းအထည်ဆိုင်တွင် စက်တင်ဘာ ၇ ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က စာတောကျေး ရွာသို့ အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးနောက် လိပ်ဆံတင်းရပ်ရှိ ယက္ကန်းအထည်ဆိုင်အား လက်လုပ်မိုင်းဖြစ်ပစ်ပေါက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ခင်ရွှေ(၆၇) နှစ်သည် ညာဘက်ခြေထောက်ပြတ်ကာ မိုင်းစထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အသက်(၅၃)နှစ်အရွယ်ရှိ ဆိုင်ပိုင်ရှင် အမျိုးသား၊ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးနှင့်အသက်(၃၃)အရွယ် အမျိုးသားတို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြသဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ ဆောင်ခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ သံအပိုင်းအစများနှင့်သံဘောစေ့များအား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။