မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘု ရားအနီးမှ စားသောက်ဆိုင်တစ်ဆိုင်ကို ယနေ့ စက် တင်ဘာ ၁ ရက်နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာကားမှဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူ ညီရေးအသင်းဝင်များထံမှ သိရသည်။
အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးရှိ “ကောင်းကောင်းနန်းတော်”စားဥယျာဥ်အား ဆီဘောက်ဆာကားမှဝင်တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးငြှိမ်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများကဝင်ရောက်စစ်ဆေးရှင်းလင်းစဥ် မီး လောင်သေဆုံးနေသည့် ရုပ်အလောင်း(၃)ခုအား ရှာဖွေတွေ့ရှိခဲ့ရသဖြင့် လူမှုကူညီရေးအသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မီးလောင်ပျက်စီးခဲ့သည့် စားသောက်ဆိုင်အား ဖယ်ရှားရှင်းလင်းမှုများနှင့် သေဆုံးသူနှင့် ထိ ခိုက်ဒဏ်ရာရသူများရှိ/မရှိကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
