Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeMoviesအဖွဲ့လိုက် ဂီတယဉ်ကျေးမှုတွေ နဲ့အတူ...

အဖွဲ့လိုက် ဂီတယဉ်ကျေးမှုတွေ နဲ့အတူ စည်းလုံးညီညွတ်စွာနဲ့ ရှေ့ဆက်နေတဲ့ မြန်မာ့ဂီတလောက

yeye

မြန်မာပြည်စတီရီယို ဂီတလောကဟာ ၁၉၇ဝ ခုနှစ်ဝန်းကျင်ကာလများက စတင်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီကာလများက စတီရီယို တီးဝိုင်းများ အသီးသီး ပေါ်လာခဲ့ကြပြီး Play Boy , L P J, E Machine စတဲ့ တီးဝိုင်းများမှာ နာမည်ကျော်ကြပါတယ်။ အဲဒီ အချိန်က သီချင်းတွေဟာ နိုင်ငံခြား သံစဉ်များပေါ်မှာ စာသားထည့်ကာ ရေးဖွဲ့တဲ့မှီငြမ်း ကော်ပီသံစဉ်များ ခေတ်စားသလို ကိုယ်ပိုင်သံစဉ် တီးလုံးများဖြင့် ဖွဲ့သီကြတဲ့ သီချင်းများလည်း ခေတ်စားခဲ့ကြပါတယ်။ အဆိုပါ ကာလများက ပေါ့ပ်၊ ရော့ခ်ဟန် သီချင်းပုံစံများ ခေတ်စားခဲ့ပြီး ၁၉၈ဝ ကျော်ကာလများမှာ တော့ မြန်မာပြည်ရဲ့ ရော့ခ် ဂီတခေတ်ဦးလို့ ပြောနိုင်တဲ့ ခေတ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဇော်ဝင်းထွဋ်တို့ရဲ့ အင်ပါယာတီးဝိုင်း ပေါ်ပေါက်လာခြင်းနဲ့အတူ မြန်မာပြည်ရဲ့ ရော့ခ်ဂီတ အရှိန်အဟုန်ဟာ ပိုမို မြင့်မားလာခဲ့ပါတယ်။အဲဒီနောက် ၁၉၉ဝ ခုနှစ်ဝန်းကျင်ကာလများမှာတော့ ကိုယ်ပိုင်သံစဉ်နဲ့ ကော်ပီ ရောထွေးလာခဲ့တဲ့ မြန်မာ့ဂီတ ရပ်ဝန်းဟာ နာမည်ကျော် တေးရေး၊ တေးဆိုများစွာ ထွက်ပေါ်လာခဲ့ သလို မြန်မာပြည်ရဲ့ စတီရီယို ဂီတရေစီးကြောင်းဟာလည်း အလွန် ခိုင်မာလာခဲ့ပါတယ်။ ဒီလို ခိုင်မာတဲ့ ရေစီးကြောင်းပေါ်မှာ လှိုင်းသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တဲ့ အချိန်တစ်ချိန်လည်း ရှိခဲ့ပါတယ်။ အဲဒီကာလကတော့ ၁၉၉ဝပြည့်နှစ် ကျော်နဲ့ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်ကြား ကာလတွေမှာပဲ ဖြစ်ပါတယ်။

ထင်သာမြင်သာ အဖြစ်ဆုံးကတော့ စတီရီယိုသံစဉ် မယ်လိုဒီများနဲ့ ဖွဲ့သီတဲ့ ပုံစံများထဲမှ ခွဲထွက်ကာ စာသားကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရတဲ့ ရက်ပ်ဂီတများ ပေါ်ထွန်းလာခြင်းပဲ ဖြစ်ပါတယ်။ Acid ဆိုတဲ့ နာမည် နဲ့ ဂီတအဖွဲ့တစ်ဖွဲ့က ၂ဝဝ၁ ခုနှစ် မှာ “စတင်ခြင်း” ဆိုတဲ့ စီးရီးတစ်ခွေထွက်ရှိလာခဲ့ခြင်းက မြန်မာပြည် ဂီတလောကရဲ့ လှိုင်းသစ်ကို ဖြစ်ပေါ်လာ စေခဲ့ပါတယ်။ အက်စစ်အဖွဲ့ရဲ့ ရက်ပ်စာသားများကို ထိုကာလက လူငယ်လူရွယ်တိုင်း အသိအမှတ်ပြုခဲ့ ကြပြီး ဒီလိုအဖွဲ့ပေါင်းများစွာလည်း မြန်မာပြည်မှာ ပေါ်ထွန်းလာခဲ့ပါတယ်။၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွေကိုတော့ မြန်မာပြည်ရဲ့ ဂီတလှိုင်းသစ်တွေ များစွာဖြစ်ထွန်း လာတဲ့ကာလလို့လည်း ဆိုနိုင်ပါတယ်။ Acid , Theory , Too Big, Examplez , System, Zero , NS စတဲ့ ဟစ်ဟော့ပ်ရက်ပ် အဖွဲ့တွေအပြင် Pop Group များလည်း များစွာဖြစ်လာထွန်းပေါ်ပေါက်ခဲ့ပါတယ်။ Boy Band , Girl Band များစွာလည်းပေါ်ထွန်းခဲ့ပြီး Teen, NG2K, No, 102.7Fm, Bambino, Blue Berry ၊ မြေပဲယို စတဲ့ အမည်အသီးသီး နဲ့ လူငယ ဂီတအဖွဲ့များစွာ ဖြစ်လာခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းလိုလို ပေါ်ထွန်းလာခဲ့တဲ့ ဒီအဖွဲ့တွေရဲ့ ဂီတပုံစံဟာ ခေတ်တစ်ခုဖြစ်ခဲ့ပြီး လူငယ်တို့ရဲ့ ရင်ခုန်သံနဲ့ နီးစပ်ခဲ့ ပါတယ်။ လက်ရှိ မြန်မာပြည် ဂီတ ရေစီးကြောင်းရဲ့ ရွေ့လျားမှုမှာ အဲဒီ ကာလက အဖွဲ့တွေရဲ့အားတွေလည်း အများကြီးပါနေခဲ့ပါတယ်။ အဓိက အားဖြင့်ပြောရရင် အခြားဂီတ ပြောင်းလဲမှုများစွာ ရှိပေမယ့်လည်း ဟစ်ဟော့ပ်ဆိုတဲ့ ဂီတပုံစံသစ် တစ်ခုကို စတင်မိတ်ဆက်ခဲ့ခြင်းက အဲဒီကာလရဲ့ ကြီးမားတဲ့အပြောင်းအလဲ တစ်ခုလည်း ဖြစ်ပါတယ်။

” အခုတော့ ဟစ်ဟော့ပ်က Mainstream ဖြစ်သွားပြီပေါ့။ အဲဒီကာလတွေတုန်းကတော့ အများကြီး အပြောအဆိုတွေ ခံခဲ့ရတယ်။ အခုတော့ အဲဒီလိုအပြောအဆို တွေနဲ့ ပြောင်းပြန်ဖြစ်သွားပါပြီ။ အရင်တုန်းက ချောင်းကလေး၊ မြောင်းကလေးလို့ အပြောခံခဲ့ရတဲ့ ဟစ်ဟော့ပ်ဟာ အခုချိန်မှာ မြစ်ကြီး၊ ပင်လယ်ကြီးလို ဖြစ်နေပါပြီ။ ဒီဘက် ခေတ်မှာတော့ လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် ပြဿနာလေး တွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အရေးကြီးရင်တော့ ကျွန်တော်တို့ လောကက သွေးစည်းကြပါတယ်” လို့ မြန်မာပြည်ဟစ်ဟော့ပ်ရဲ့ ရှေ့ဆောင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Theory အဖွဲ့မှ သားစိုးက ပြောပါတယ်။ ယခင်ကာလများက ဂီတအမျိုးအစား ခွဲခြားမှုများလည်းရှိခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်ခဲ့ကြပေမယ့်လည်း အခုကာလများမှာတော့ ပေါ့ပ်၊ ရော့ခ်၊ ဟစ်ဟော့ပ် စသဖြင့် ဂီတ အမျိုး အစားများကို မခွဲခြားတော့ဘဲ ဂီတဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အားလုံးဟာ တစ်သွေးတစ်သားတည်း နဲ့ မြန်မာ့ဂီတကို ရှေ့ ဆက်တွန်းပို့ နေကြပါပြီ။ ၂ဝဝဝ ပြည့်နှစ်များက စတင်လိုက်တဲ့ အဖွဲ့လိုက်ယဉ်ကျေးမှုဟာ ဒီနေ့ခေတ်ထိတိုင်လည်း ခိုင်မာစွာတည်ရှိနေပြီး Rock Band များ၊ ဟစ်ဟော့ပ်အဖွဲ့များ ကိုယ်စီနဲ့ မြန်မာ့ဂီတအခင်းအကျင်းဟာ အရင်ကထက် ခိုင်မာတောင့်တင်းလျက် ရှိနေပါတယ်။ လက်ရှိ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်များမှာတော့ နိုင်ငံ တကာနဲ့ ပိုမိုကူးလူးဆက်ဆံမှုများ များပြားလာတာနဲ့အညီ မြန်မာ့ဂီတသံစဉ်များဟာလည်း ကမ္ဘာ့ဂီတ ရေစီးကြောင်းထဲထိ ထိုးဖောက်ဝင် ရောက်ရန် အသင့်ရှိနေပြီ ဖြစ်ပါ တယ်။ စည်းလုံးညီညွတ်စွာနဲ့ ချီတက်နေကြတဲ့ မြန်မာဂီတသမားတို့ရဲ့ အားသစ်များနဲ့အတူ ဟန်ချက်ညီစွာနဲ့ မြန်မာ့ဂီတရေစီးဟာ ဆက်လက်ရွေ့လျားနေဦးမှာလည်း ဖြစ်ပါတယ်။

ရဲရဲ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071