အမေရိကသည် ကုန်သွယ်ရေးဆွေးနွေးမှုများကို ရပ်တန့်သွားနိုင်ကြောင်း ထိုင်းနိုင်ငံကို သတိပေးကာ ကမ္ဘောဒီးယားနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲမှု အခြေအနေကိုပြန်သွားရန် ဖိအားပေးခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်ပ်က ကြားဝင်စေ့စပ်ပေးခဲ့သော အပ-စ်အခတ်ရပ်စဲရေးကို မကျိုးပေါက်စေရန် ဝါရှင်တန်က ကြိုးပမ်းနေခြင်းဖြစ်သည်။
ထိုင်းစစ်သားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှု အပါအဝင် ကမ္ဘောဒီးယားသည် နယ်စပ်တွင် မြေမြှုပ်မိုင်းများကို ထပ်မံ၍ထောင်ခဲ့ကြောင်း ထိုင်းနိုင်ငံကစွပ်စွဲခဲ့ကာ အပ-စ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆိုင်းငံ့ကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက်၌ ပ-စ်ခတ်မှုဖြစ်ပွား၍ လူတစ်ဦးေ-သဆုံးကာ အများအပြားဒ-ဏ်ရာရရှိခဲ့သောကြောင့် နှစ်ဖက်အပြန်အလှန်တို-က်ခိုက်မှုများ တကျော့ပြန်ဖြစ်လာမည်ကို စိုးရိမ်မှုများဖြစ်စေခဲ့သည်။
ကုန်သွယ်ရေးဆွေးနွေးမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာထားသည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးထံမှ စာတစ်စောင်ကို သောကြာနေ့ညပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက် ဘလန်ကူရာက စနေနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိက၏ အခွန်သတ်မှတ်ချက် ၁၉ ရာခိုင်နှုန်းကို ညှိနှိုင်းဖြေရှင်းနေသည့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှုများသည် ထိုင်းနိုင်ငံက ပူးတွဲအပ-စ်အခတ်ရပ်စဲရေး ကြေညာချက်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်အား ပြန်လည်အတည်ပြုပြီးသည်နှင့် ပြန်လည်စတင်နိုင်ကြောင်း စာတွင်ဖော်ပြထားသည်ဟု ၎င်းက ပြောဆိုခဲ့သည်။
သို့သော် အစိုးရပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သည့် ဆရီပွန် အန်ကာဆာကူလ်ကီယတ်ကမူ ဆွေးနွေးမှုများ ကို ယာယီရပ်ဆိုင်းမှုသည် သောကြာနေ့ညနှောင်းပိုင်းက ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်နှင့် ထရမ့်ပ် တို့ အကြား ဖုန်းမပြောမီ အခိုက်အတန့်တွင်သာဖြစ်ခဲ့ခြင်းဟု စနေနေ့ညအနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
“အခွန်ကောက်ခံမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး နယ်စပ်ပြဿနာတွေနဲ့ သီးခြားရှိနေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: သည်ဂါဒီးယန်း
