အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ နနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုလှုပ်ရှားမှု၌နေပြည်တော်ရှိ အသက် ၇ နှစ်မှ ၇၅ နှစ်အထိ စက်ဘီးစီးဝါသနာရှင်များ၊ လူငယ်အားကစားလေ့ ကျင့်ရေးစခန်းမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် အား ကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၅၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်း အစီအစဉ်ကိုလည်း ကျင်းပခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ပါဝင်သူများအား အချိုရည်နှင့် ပေါင်မုန့်များကို လန်းဆန်းစာအဖြစ် ဖြန့်ဝေပေးခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌနှင့် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
