Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeArticlesအပိုင်းအစ (၃)ခု

အပိုင်းအစ (၃)ခု

 

မြွေသည် အရွယ်အစား မကြီးသော်လည်း
သူ၏ ခန္ဓာကိုယ်မှ ကြေးညှိရောင်
အစင်းအကွက်များက ထင်းနေသည်။
မြွေသည်သူ၏ ဦးခေါင်းကို ဆန့်ထုတ်ကာကျွန်တော် ရှိ ရာ ဦးတည်နေလာနေသည်။

ကျွန်တော် ရေအိမ်ဝင်တာ ကိစ္စမပြီးသေး…

ယင်ကောင်

ယင်ကောင် သြဂုတ်လ၏ တစ်နံနက်တွင် ဖြစ် သည်။ ကျွန်တော်စာရေးနေခိုက် ယင် ကောင်သည် တဝီဝီ ပျံဝဲကာ ရောက်ရှိ လာသည်။ ကျွန်တော့် မျက်မှန် ထက်လာနားသည်။ ထို့နောက် ကျွန်တော့်ရှေ့ က စာရွက်ပေါ်  မှာသွားနားသည်။ ယင်ကောင်သည်သူ၏ နောက်ခြေထောက် နှစ်ချောင်း ကို မြှောက်၍ ပွတ်တိုက်ကာ စာရွက်ပေါ်မှာ ငြိမ်သက်နေသည်။ ယင်ကောင်ပျံသန်းမသွားမီအထိ ကျွန်တော်လည်း ငြိမ်သက်နေမိသည်။ ယင်းသည် ၁၉၉၈ ခုနှစ်တုန်းက ဖြစ်သည်။

၂၉.၈.၂ဝ၁၇

ပင်းသော နေ့ရက်များ

ယနေ့သည် ပူပြင်းသောနေ့တစ်နေ့ဖြစ်သည်။ ကတ္တရာလမ်းမ အတိုင်း ကျွန်တော် လျှောက်သွားနေသည်။ လမ်းဘေးမှခွေးတစ်ကောင် သည် ကတ္တရာလမ်းမကို ဖြတ်ကာ ဟိုတစ်ဖက်ကိုကူးသွားသည်။ သစ် ရွက်ကြွေတချို့ လွင့်ပါနေသည်။ နေကပူပြင်းလျက် လမ်းဆုံးတစ်နေ ရာ၌ သူတောင်းစား တစ်ယောက်က သူ့ဦးထုပ်ကို ချွတ်၍ စွန့်ကြဲပါရန် တောင်းနေသည်။ ကျွန်တော့် အိတ်ထောင်ထဲမှာ ငွေစက္ကူတစ်ရွက် ရှိသည်။ ကျွန်တော်သည် သူတောင်းစားကို ငွေစက္ကူထည့်ပေး လိုက်သည်။ ကျွန်တော့်မှာ တစ်ပြား တစ်ချပ်မှ မရှိတော့။ ပူပြင်းသော ကတ္တရာလမ်းအတိုင်း ကျွန်တော် ဆက်လျှောက်သွားနေသည်။ သစ် ရွက်ကြွေများက လွင့်နေလျက်. .. .။

၁.၉.၂ဝ၁၇

အဖြစ်အပျက်

ကျွန်တော်ရေအိမ်ဝင်တော့ ထိုင်နေတုန်းမှာ ဟနေသော တစ်နေ ရာမှ မြွေတစ်ကောင် လူးလွန့် တိုးဝင်လာသည်။ မြွေသည် အရွယ်အစား မကြီးသော်လည်း သူ၏ ခန္ဓာကိုယ်မှ ကြေးညှိရောင် အစင်းအကွက်များက ထင်းနေသည်။ မြွေသည်သူ၏ ဦး ခေါင်းကို ဆန့်ထုတ်ကာကျွန်တော် ရှိ ရာ ဦးတည်နေလာနေသည်။ ကျွန်တော် ရေအိမ်ဝင်တာ ကိစ္စမပြီးသေး၊ မြွေကတဖြည်းဖြေည်း တရွေ့ရွေ့ တိုးလာသည်။ ကျွန်တော် စဉ်းစားချိန် မရ။ အဲဒီအချိန်မှာ နောက်ထပ် ကြေးညှိရောင်မြွေတစ်ကောင်ကို ကျွန်တော်တွေ့ လိုက်ရပြန်သည်။ စောစောက ဟနေသော နေရာမှပင် နောက်ထပ် မြွေတစ် ကောင် ဝင်လာခြင်းဖြစ်သည်။ ကျွန်တော် ရေအိမ် တံခါးကို တွန်းဖွင့်လိုက်သည်။ ဖွင့်လို့မရ။ ကျွန်တော် တဒုန်းဒုန်း ဖွင့် သည်။ ဖွင့်လို့မရ…။ ဤအဖြစ်အပျက်သည် အတန်ကြာမြင့်ခဲ့ပေပြီ။ မြို့ကလေး၏တောင်ဘက်ဆင်ခြေဖုံး ရပ်ကွက်ကလေးတစ်ခုမှာဖြစ်သွားခဲ့ခြင်း ဖြစ် ပါသည်။

၁.၉.၂ဝ၁၇

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071