မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ပြင်ဦးလွင်- မန္တလေးသွားကားလမ်းရှိ ခြောက်ထပ်ကွေ့အနီးတွင် ဒီဇင်ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့နံနက် ၉ နာရီခန့်က ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာအနီးရှိ ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၏ ခြောက်ထပ်ကွေ့အနီးတွင် အန်စာတုံးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
“ကားမှောက်တဲ့နေရာကိုကူညီဖို့ရောက်တော့ ကားပေါ်မှာက ကားမောင်းတဲ့လူရယ် နောက်ထပ် ၂ ယောက်ရယ် ၃ ယောက်ပဲပါတယ် ၁ ယောက်ပဲထိ ခိုက်ဒဏ်ရာရခဲ့ပါတယ် ကားကတော့ပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။
အန်စာတုံးကားတိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့်လိုက်ပါလာသူ ၂ ဦးအနက် လိုက်ပါလာသူအမျိုးသား ၁ ဦး၏ ဘယ်ဘက်မျက်လုံးနှင့်ရင် ဘတ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ အခင်းဖြစ်နေရာတွင် အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြပြီး ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း
