အနောက်နိုင်ငံများအုပ်စုဦးဆောင်သည့် မကြေငြာသော စစ်ပွဲသည် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကို ရည်ရွယ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu က ဘယ်လာရုစ်နိုင်ငံ တပ်မတော်အကြီးအကဲ Viktor Khrenin နှင့် ကြာသပတေးနေ့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
“ယနေ့အခါ ကျွန်ုပ်တို့သည် အစုလိုက်အပြုံလိုက်ဖြစ်သော အနောက်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်မှာ အမှန်အားဖြင့် ကျွန်ုပ်တို့နိုင်ငံများအပေါ် တရားဝင် မကြေငြာသော စစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်” ဟု Shoigu က ပြောကြားခဲ့သည်။
သူ့အဆိုအရ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများသည် “နောက်ပိုင်းတွင် ပိုမိုပြင်းထန်လာသည်” ဟု ဆိုသည်။
“အရှေ့ဥရောပရှိ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ နေတိုး၏ ပူးပေါင်း လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှု တိုးမြှင့်ရန် အစီအမံများစွာကို လက်ရှိတွင် အကောင်အထည် ဖော်လျက်ရှိသည်။ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးချဲ့ချထားလျက်ရှိပြီး နယ်စပ်အနီးတွင် တိုက်ခိုက်ရေး လေ့ကျင့်မှုနှင့် ကင်းထောက်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်” ဟုလည်း Shoigu ကဆိုသည်။