Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalအနူတင်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် Bhumjaithai...

အနူတင်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် Bhumjaithai ပါတီ ရွေးချယ်

 ထိုင်းယာယီဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်ကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းရန် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ပါတီက တရားဝင်ရွေးချယ်လိုက်သည်။
         
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရအပြီး ရက်ပေါင်း ၁၀၀ မပြည့်မီတွင် ၎င်း၏ လူနည်းစုအစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းခံရနိုင်သည့် အလားအလာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အနူတင်သည် ယခုလအစောပိုင်းတွင် ပါလီမန်ကို ဖျ-က်သိမ်းခဲ့သည်။ ပါလီမန်ဖျ-က်သိမ်းလိုက်မှုကြောင့် ဖေဖော်ဝါရီလ ၈ ရက် နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အခြေအနေကိုဖြစ်ပေါ်စေခဲ့သည်။
       
သူနှင့် Bhumjaithai ပါတီသည် အာဏာပြန်လည်ရယူရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်တွင် ပါတီကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီအတွက် အရေးအပါဆုံး ရွေးကောက်ပွဲဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို မိန့်ခွန်းပြောကြားရာတွင် အနူတင်က ထည့်သွင်းပြောကြားခဲ့သည်။
        
“ထိုင်းနိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးဖို့ရာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီနေ့မှာ ကျွန်တော်တို့ လုံး၀ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောဆိုခဲ့သည်။ ထိုင်းပြည်သူများက Bhumjaithai ပါတီအပေါ် ပထမဆုံးအကြိမ် မျှော်လင့်ချက်ကြီးမားစွာထားရှိနေချိန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
       
ပြန်လည်ရွေးကောက်တင်မြှောက်ခံရပါက ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအပါအဝင် လက်ရှိ၎င်းအစိုးရအဖွဲ့၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ ရာထူးများကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
       
အိမ်စောင့်အစိုးရဝန်ကြီးချုပ်သည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ပြန်လည်ပေါ်ပေါက်လာသော ကမ္ဘောဒီးယားနှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာမှုကို အသုံးချရန် ကြိုးပမ်းနေသည်။

သို့သော်လည်း ရွေးကောက်ပွဲသည် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ပြီး မည်သည့်ပါတီမျှ အစိုးရဖွဲ့နိုင်လောက်သည့် မဲအပြတ်အသတ်အနိုင်ရမှုမျိုး မရှိနိုင်ကြောင်း လေ့လာသူများက သတိပေးခဲ့သည်။

Ref: သည်ဗိုက်ဘ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071