
အနာဂါတ် နိုင်ငံတော်ကို တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ဖော်ပြောကြားလိုက်သည်။
ယနေ့ ဖေဖေါ်ဝါရီ (၁၂) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ ရွေး ကောက်ပွဲအပြီးတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်ဖြင့် တို င်း ရင်းသားနိုင်ငံရေးပါတီ (၄၈) ပါတီကိုဖိတ်ခေါ်စာများ တရားဝင်ပေးပို့ကာ တိုင်းရင်းသားနိုင်ငံရေးပါတီများ ရုံး စိုက်ရာ ဒေသများအထိ လိုက်လံတွေ့ဆုံခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများသည် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ပေါ်ပေါက်လာရန် ရည်ရွယ်မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဆိုသည်။