Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeArticlesအနာဂတ်ကို ဖျက်ဆီးခြင်းများ

အနာဂတ်ကို ဖျက်ဆီးခြင်းများ

akt9

အခုတလော အင်မတန် မှကိုထိတ်လန့် ကြောက် ရွံ့စရာကောင်းတာ တွေချည်း ကြားနေရပါတယ်။ နယ်စပ်ဒေသတွေရဲ့တိုက်ပွဲတွေ၊ မတည်ငြိမ်မှုတွေ၊ နိုင်ငံရေး အလှည့်အပြောင်းတွေ။ အဲဒါအပြင် ပိုပြီးစိတ်မချမ်းမြေ့စရာ ကြားနေရတာကတော့ “သက်ငယ်မုဒိမ်း” တွေပါပဲ။ ဘာကြောင့်၊ ဘယ်လိုကြောင့် ဒီလောက်အမှုအခင်းများလာလဲတော့ မသိပါဘူး။ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ သက်ငယ်မုဒိမ်းမှုတွေ ကတော့ မကြားချင်မှအဆုံးဖြစ်လာပါတယ်။လူတွေရဲ့စိတ်တွေပဲ ဖောက်ပြန်လာတာလား၊ ဒါမှမဟုတ် သဘာဝတရားကပဲ ဖောက်ပြန်စေတာလား တော့ မသိတော့ပါဘူး။

စဉ်းစားကြည့်ပါ။ လူတိုင်းဟာ ကလေးသူငယ်ဘဝကို ဖြတ်သန်းဖူး ကြပါတယ်။ ကလေးသူငယ်ဆိုတာ အားအင်ရော၊ အသိÓဏ်ရော အပြည့်အဝ မရရှိသေးပါဘူး။ သူ့မှာ လုံလောက်တဲ့ခွန်အား၊ လုံလောက်တဲ့ အသိÓဏ် မရှိသေးပါဘူး။ အင်မတန်မှကို နုနယ်လွန်းလှပါသေးတယ်။ ဒါ့အပြင် သူတို့ရဲ့နှလုံးသားကလည်း နုနယ်နေပါသေးတယ်။ ဒီလို အစစအရာရာ နုနယ်သေးတဲ့ ကလေးတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ အနိုင်ပြုကျင့်မှုကို ခံလိုက်ရတယ်ဆိုပါစို့။ ဒီလိုနုနယ်သေးတဲ့ ကလေးတစ် ယောက်ရဲ့ အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီးလိုက်တာနဲ့ မတူနေဘူးလား။ ကလေးငယ်ဟာ သူကိုယ်တိုင် ပြုလုပ်တဲ့ အမည်းစက်မဟုတ်ဘဲ အနိုင်ထက်ပြုမှုကြောင့် သူ့အပေါ်မှာ ထင်ကျန်ခံရတဲ့ အမည်းစက်တစ်ခုပါ။ သူဟာ အဲဒီအမည်းစက်တစ်ခု နဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားရ တော့မှာဖြစ်ပါတယ်။ ဆိုပါတော့။ ကလေးတစ်ယောက်ကို အနိုင် အထက်ပြုလိုက်တယ်ဆိုတာ ဒီ ကလေးငယ်ရဲ့အနာဂတ်ကို သတ်ပစ် လိုက်တာနဲ့ တူမနေဘူးလားခင်ဗျာ။ ဒါပဲလား။ ကျန်ပါသေးတယ်။

ကလေးငယ်ကို မျှော်လင့်တကြီး နဲ့ ပြုစုပျိုးထောင်နေတဲ့ ကလေးမိဘ တွေအတွက်လည်း စဉ်းစားကြည့်ပါ။ မိဘဆိုတာ သားသမီးရဲ့အနာ ဂတ်ကို ထုဆစ်နေသူတွေပါ။ ဒါ့အပြင် ကလေးငယ်ရဲ့အနာဂတ် ဟာ သူတို့ရဲ့အနာဂတ် တစ်စိတ် တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒီတော့ ကလေးငယ်ရဲ့ အနာဂတ်ကို ရိုက်ချိုး လိုက်တာဟာ ကလေးကိုမျှော်လင့် တကြီး ပြုစုပျိုးထောင်နေတဲ့ ကလေး မိဘတွေရဲ့ အနာဂတ်ကို ရိုက်ချိုး လိုက်တာနဲ့ တူမနေပါဘူးလား ခင်ဗျာ။ဒီလို မိသားစုတစ်စု၊ ပတ်ဝန်းကျင်တစ်ခုကို ရိုက်ချိုးဖျက်ဆီးပစ် လိုက်တဲ့သူတွေကို ဘယ်လိုပြစ်ဒဏ် မျိုး ချမှတ်သင့်ပါသလဲခင်ဗျာ။ မိသားစုတစ်စု၊ ပတ်ဝန်းကျင် တစ်ခုရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်သူဟာ ဘယ်လိုပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်သလဲဆိုတာ စဉ်းစားစေ ချင်ပါတယ်။ နောက်ပြီး ပိုပြီးစဉ်းစားဆင်ခြင် စရာကောင်းတာ ရှိပါသေးတယ်။ ဒီလိုမတရားမှုတွေဖြစ်လာတိုင်း ဖြစ်ပေါ်နေကျကိစ္စတွေပါ။ အခု တအားကိုခေတ်စားနေတဲ့ facebook အသုံးပြုသူတွေဟာ ဒီလိုသတင်းမျိုးတွေဆိုရင် ကျူးလွန်သူ တရားခံအပြင် အပြစ်မဲ့ကျူးလွန် ခြင်းခံရတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကိုပါ ရဲရဲတင်းတင်း တင်ပစ်နေတာပါပဲ။ စဉ်းစားကြည့်ပါ။

ကလေးငယ်ဟာ ဒီပြစ်မှုကို ကျူးလွန်သူမဟုတ်ပါဘူး။ ကံ အကြောင်းမလှတဲ့အတွက် ကျူးလွန် ခြင်းခံလိုက်ရသူတွေပါ။ သူတို့ဟာ အပြစ်မဲ့လေးတွေပါ။ ဒီလိုအပြစ်မဲ့ကလေးတွေရဲ့ ပုံတွေကို တင်ခြင်းအားဖြင့် ဘာဖြစ် နိုင်သလဲ စဉ်းစားကြည့်ပါ။ ဒီကလေးငယ်တစ်ယောက်ဟာ ကံမကောင်းစွာနဲ့ပဲ လူရမ်းကားတွေ ရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ ဒါ့ အပြင် ကလေးငယ်ဟာ သူ့ဘဝရှေ့ ရေးမှာ အသက်ရှင်နေထိုင်ဖို့ ဒီ အမည်းစက်ကနေ ရုန်းကန်ထွက်နိုင် ဖို့ ကြိုးစားရဦးမှာပါ။ ဒီလိုသူများတွေထက် ပိုခက်ခဲ စွာ ရုန်းကန်ရမယ့် ကလေးတစ် ယောက်ရဲ့ဓာတ်ပုံကို လူသိရှင်ကြား အသုံးပြုလိုက်တာဟာ ကလေးငယ် ရဲ့ အနာဂတ်ကို အနှောင့်အယှက် ပေးလိုက်တာပါပဲ။ ကလေးတစ်ယောက်ဟာ ကိုယ် မကျူးလွန်ခဲ့တဲ့ အမည်းစက်ဖြစ်ပြီး ရင်တောင် သူ့ဘဝကို လူမသိသူမသိ နဲ့ ရှင်သန်ချင်ရှာမှာပါပဲ။ ဒီလို ကလေးငယ်ရဲ့ဓာတ်ပုံကို ထုတ်ပြ လိုက်တာဟာ သူ့ဘဝကို ခက်ခဲသွားစေမှာ အမှန်ပါပဲ။ စဉ်းစားကြည့်ပါ။ ကလေးငယ်က ဒါကို သတိ မထားမိဘူးဆိုရင်တောင် ကလေး မိဘများနေရာက စာနာပေးပါ။ အနာဂတ်အတွက် မျှော်လင့်ချက် များစွာနဲ့ အသက်ရှင်နေတဲ့ ကလေး မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်တွေ ဒီကလေးငယ်ဓာတ်ပုံ မြင်နေရတဲ့ အခါ ဘယ်လိုခံစားရမှာလဲခင်ဗျာ။ ဆိုပါစို့။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသား စုမှာလည်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံ တဲ့အခါ ဒီလိုဖော်ပြခံရရင် ဘယ်လို ခံစားရမှာလဲခင်ဗျာ။ နိုင်ငံတကာမှာ ဥပဒေရှိပါ တယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံ တောင်မှ လူမမှတ်မိအောင် မျက်လုံး နေရာဖျက်ပြီးမှ သူ့ပုံကိုတင်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်မှု ကျူးလွန်သူရဲ့ ဆွေမျိုးသားချင်း၊ အပြစ်မဲ့တွေကို တိုက်ရိုက်ထိခိုက်မှာ စိုးလို့ပါ။ ကိုယ်နာမည်ကြီးချင်ရုံမျှနဲ့တော့ အပြစ်မဲ့ကလေးတွေရဲ့ အနာဂတ်ကို မဖျက်ဆီးပစ်ကြပါနဲ့။ ကိုယ်ချင်းစာစိတ်နဲ့ မျှဝေနိုင်ပါ စေလို့ ဆုတောင်းရင်း။ ကလေးတွေရဲ့ အနာဂတ် လုံခြုံ ပါစေလို့ ဆုတောင်းရင်း။

အကြည်တော်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071