အဆိုတော် ဝေလက သူ့ရဲ့ “အဓိပတိဖွား” စီးရီး DVD ကို၈လ ပိုင်းအတွင်းမှာ ထွက်ရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီ DVD ထွက်ရှိပြီးတဲ့အခါမှာတော့ ဝေလက သူ့ရဲ့စီးရီးသစ်ကို အမြန် ဆုံး ထွက်ရှိနိုင်ဖို့ ပြုလုပ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါ တယ်။ “အစက ၇လပိုင်းထဲ ထွက်ရှိနိုင်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဆင်ဆာတင်ရမှာနဲ့ ဒီဇိုင်း လုပ်ရမှာနဲ့ ဆိုတော့ ၈လပိုင်းလောက်မှ ထွက်ဖြစ်နိုင်လိမ့်မယ် ထင်တယ်” လို့ ဝေလက ပြောပါတယ်။
လတ်တလောမှာတော့ ဝေလက သူ့ရဲ့စီးရီးသစ် အတွက် စတူဒီယိုမှာ အသံသွင်းယူမှုတွေ တောက် လျှောက်ပြုလုပ်နေပြီ ဖြစ်ပြီး ဒီစီးရီးမှာတော့ ဝေလရဲ့ပုံစံ အတိုင်းဆန်းသစ်တဲ့ စာသားတွေနဲ့ အတူ ကွဲပြားတဲ့ ရှုထောင့်က ရှုမြင်ထားတဲ့ သီချင်း ပုံစံတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။ “ကျွန် တော့်နောက် စီးရီးခွေကိုတော့ ဒီနှစ် မကုန်ခင် ထွက်ရှိနိုင်အောင် လုပ်ထားတယ်။ ဒီထဲမှာ တော့ ကျွန်တော်ဖန်တီးနိုင်စွမ်း ရှိသလောက် လုပ်ထားတာတွေပါပဲ။ ဒီတစ်ခွေမှာတော့ ကျွန်တော်ရေးတဲ့ သီချင်းတွေပဲ ပါလိမ့်မယ်။ ဒီထဲမှာ အကြောင်းအရာ အစုံပါမှာလည်း ဖြစ်သလို၊ မိဘမေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်း တစ်ခုကိုလည်း ကျွန်တော် တွေးမိတဲ့ အပိုင်းက ရေးထားတာ လေးပါပါ တယ်”လို့ ဝေလက ပြောပြခဲ့ပါတယ်။
ရဲရဲ