၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ ဆော်မှုများကို ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှုံ့ဆော်မှုကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် ပန်းခြံရှေ့၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမရှေ့၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံရှေ့နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်း စသည့်ဖြင့် လူစည်ကားရာနေရာများတွင် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုနည်းတူ ရန်ကုန်မြို့ရှိ YBS ကားများတွင် အသိပညာပေးစတေကာကပ်ခြင်းများ ဆောင်ရွက်၍ ပြည်သူများ မဲရုံများသို့သွားရောက် မဲပေးနိုင်ရေး လှုံ့ဆော်မှုများဆောင်ရွက်ခဲ့ကြကာ ဒီဇင်ဘာလ(၄)ရက်မှ(၆)ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo: shwedagon
