ပုံမှန်ကျင်းပသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုလိုက်ရသည့် ကျောင်းသားများအတွက် အထူးအစီအစဉ်အနေ ဖြင့် ကျင်းပပေးနေသည့် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ (၂၇၀) ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာစာ ဘာသာရပ်အား လာရောက်ဖြေဆိုသူ (၂၇၈) ဦး၊ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ (၂၇၇) ဦးနှင့်သင်္ချာ ဘာသာရပ် လာရောက်ဖြေဆိုသူ (၂၇၇) ဦးရှိကြောင်း သိရသည်။
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေ ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ၏ ပံ့ပိုးကူညီပေးကာ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျော င်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းဖြစ်သည်။
အဆိုပါ ၂၀၂၄ ခုနှစ် အထူး တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ (၂၉) ရက်မှ မေ (၆) ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ စာစစ်ဌာန (၁၂) ခု၌ ကျင်းပလျက်ရှိနေသည်။
ဧပြီ (၂၉) ရက်တွင် မြန်မာစာဘာသာရပ်၊ ဧပြီ (၃၀)ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မေ (၂) ရက်တွင် သင်္ချာဘာသာရပ်တို့ကိုဖြေဆိုပြီးကြပြီဖြစ်သည်။
ထိုစာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၅၃၅) ဦးရှိပြီး လာရောက်ဖြေဆိုသူ မှာ မြန်မာဘာသာကို(၂၇၈)ဦး၊ အင်္ဂလိပ်စာနှင့်သင်္ချာတွင် ဖြေဆိုသူ စုစုပေါင်း (၂၇၇) ဦးရှိသဖြင့် ရာခိုင်နူန်း တဝက်ကျော်လာရောက်ဖြေဆိုခြင်းတွေ့ရသည်။



